• Follow Us on
Latest News

Home မင်းလှမြို့နယ်တွင် ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်ရောက်တိုက်မိပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိ

မင်းလှမြို့နယ်တွင် ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်ရောက်တိုက်မိပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မင်းလှ-မင်းဘူးကားလမ်း၊ ရွာတော်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၄/၂) တွင် ယနေ့ နံနက် ၉ နာရီအချိန်က ယာဉ် (၁) စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အား ဝင်ရောက်တိုက်မိပြီး လူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မင်းလှမြို့နယ်၊ မင်းလှ-မင်းဘူးကားလမ်း၊ ရွာတော်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၄/၂)တွင် ယာဉ် (၁) စီး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အား ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်း ကားခေါင်းခန်းအတွင်း ညပ်နေကြောင်း သတင်းရရှိသဖြင့် မင်းလှမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ် ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)ဦး(စိုးရိမ်ရ)နှင့် ကျား(၂)ဦး( မစိုးရိမ်ရ)တို့အား အပ္ပမာဒလူမူကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မင်းလှမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

 

#PeopleMedia


Share this post