မင်းလှမြို့နယ်တွင် ISUZU ယာဉ်ပေါ်တွင် သိုဝှက်သယ်လာသော ကျပ်သိန်း ၄၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ
PUBLISHED - February 15, 2024
နေပြည်တော၊ ဖေဖော်ဝါရီ ၁၅
မင်းလှမြို့နယ်တွင် ISUZU BIG GORN အမျိုးအစား ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ငွေ ကျပ်သိန်း ၄၈၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၆နာရီ ၃၀ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ မင်းလှမြို့နယ်၊ ရွှေချောင်းကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အောင်ကို လတ် မောင်းနှင်ပြီး ဇော်မြင့်(ခ)ရေခဲ နှင့် လင်းလင်းထိုက် တို့လိုက်ပါလာသည့် ISUZU BIG GORN အမျိုး အစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၈၀၀)နှင့် မြန်မာငွေကျပ် ၅၂၀၀၀ တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်ကိုလတ်(၃၅)နှစ်၊ ဇော်မြင့်(ခ)ရေခဲ(၅၂)နှစ် နှင့် လင်းလင်းထိုက် (၄၃)နှစ်တို့အား ရေနံမနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia