• Follow Us on

Home မင်းလှမြို့နယ်၊ ကံ့ကော်ပင်ရွာတွင် ရပ်မိရပ်ဖ တစ်ဦး၏ နေအိမ်ကို PDF တွေ ဓားပြတိုက်

မင်းလှမြို့နယ်၊ ကံ့ကော်ပင်ရွာတွင် ရပ်မိရပ်ဖ တစ်ဦး၏ နေအိမ်ကို PDF တွေ ဓားပြတိုက်

Share this post

နေပြည်တော်၊ ဇွန် ၁၃

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကံကော်ပင်ကျေးရွာတွင် ရပ်မိရပ်ဖတစ်ဦး၏ နေအိမ်ကို PDF အဖွဲ့ဝင်များမှ ဓားပြဝင်တိုက်ကာ ရွှေ၊ ငွေ၊ နာရီ၊ လက်တော့နှင့် ဖုန်းများ ယူဆောင်သွားကြောင်း သိရသည်။

 

ဇွန်လ (၁၀)ရက် ည (၈)နာရီခွဲခန့်က ကံ့ကော်ပင်ကျေးရွာတွင် နေထိုင်သည့် ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးသန်းဌေး၏ နေအိမ်အား PDF အဖွဲ့ဝင်များမှ ဝင်ရောက်လာပြီး ဓားပြတိုက်သွားခြင်းဖြစ်သည်။

 

PDF အဖွဲ့ဝင်များ သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာချိန်တွင် ဦးသန်းဌေးမှာ ထွက်ပြေး လွတ်မြောက် သွားပြီး ဦးသန်းဌေး၏ နေအိမ်ရှိ ငွေကျပ်သိန်း (၁၁၀)၊ ရွှေ (၁)ကျပ်ခွဲသားခန့်၊ နာရီ (၃)လုံး၊ ဖုန်း (၃)လုံးနှင့် လက်တော့ (၁)လုံးတို့ အားယူဆောင်ကာ ည(၉)နာရီ အချိန်ခန့်တွင် ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post