• Follow Us on
Latest News

Home မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က အုပ်ချုပ်ရေးမှူး ဦးမောင်ဉာဏ် ၆၁ နှစ်သည် ဂန့်ဂေါ်ပင် ကျေးရွာနေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် ဗိုလ်တထောင်ကျေးရွာထိပ် နတ်စင်အနီးအရောက်တွင် PDF အကြမ်းဖက်သမားက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးမောင်ဉာဏ်တွင် ဦးခေါင်း၊ နဖူး၊ လည်ပင်းနှင့် ဝဲလက်တို့ တွင် ကျည်ထိမှန်ဒဏ်ရာ ၅ ချက် ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း – ၃၈၀၂ တပ်ခွဲ (၂) မှ သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post