• Follow Us on

Home မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုအုပ်စုအုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းကြောင်း အုတ်ဖို PDF ထုတ်ပြန်

မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုအုပ်စုအုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းကြောင်း အုတ်ဖို PDF ထုတ်ပြန်

Share this post

နေပြည်တော်၊ သြဂုတ် ၆

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ ဘွတ်စိန်ဘုအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွှန့်မြိုင်အား ယမန် နေ့ နံနက် ၉ နာရီအချိန်က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို PDF မှ ထုတ်ပြန်ထားသည်။

 

မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုအုပ်စု အုပ်ချုပ်ရေးမှူး ညွှန့်မြိုင်အား ဘွတ်စိန်ဘုရွာထိပ် တံတားအနီး၌ ဆိုင်ကယ်စီး လာစဉ် ယမန်နေ့ နံနက် ၉ နာရီခန့်တွင် သာာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖိုအဖွဲ့မှ သေနတ်ဖြင့် ၁၂ချက်တိတိ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်သေဆုံးသွားပြီး ၎င်းထံမှ သေနတ်အတို ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၁၆ တောင့်၊ လေးခွ ၁ လက်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ဆိုင်ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁၂၅၀၀၀ ကျပ်၊ မှတ်ပုံတင် ၁ ခု၊ စစ်မှုထမ်းဟောင်း ပင်စင်ငွေ ထုတ်ကတ် ၁ ခုတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဘွတ်စိန်ဘုအုပ်စု အုပ်ချုပ်ရေးမှူး ညွှန့်မြိုင်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ရာထူးမှ နှုတ်ထွက်ရန် တင်ပြထားသူဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post