မင်္ဂလာဆောင်မှ ပြန်လာသည့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်
PUBLISHED - May 3, 2024
နေပြည်တော်၊ မေ ၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် မင်္ဂလာဆောင်မှ ပြန်လာသည့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ ဝင်တစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။
မေလ (၁)ရက် မွန်းလွဲ (၂)နာရီခွဲခန့်က မြင်းခြံမြို့ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သည့် ဦးထွန်းထွန်းဝင်း သည် မြင်းခြံမြို့နယ်၊ နတ်ထားကျေးရွာ မင်္ဂလာဆောင်သို့ သွားရောက်ခဲ့ပြီး ပြန်လာစဉ် နတ်ထားကျေးရွာ ထိပ်သို့ အရောက် PDF အဖွဲ့ဝင် (၄)ဦးက အသင့်စောင့်ဆိုင်းပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးထွန်းထွန်းဝင်းတွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်ပွါးသည့်နေရာ တွင် သေဆုံးသွားကြောင်း သိရသည်။
#PeopleMedia