• Follow Us on

Home မင်္ဂလာဒုံနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)တို့တွင် သိန်း ၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မင်္ဂလာဒုံနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)တို့တွင် သိန်း ၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၆

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

သြဂုတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင် အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်း၊ မြင်းခြံလမ်းတွင်  မသင်္ကာဖွယ်တွေ့ရှိသူ ကျော်ဇေယျာအောင်အား  စစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်လာသည့် လက်ဆွဲစက္ကူ အိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀၀)၊ မြန်မာငွေကျပ် ၉၈၅၀၀ နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီအချိန် ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၁) ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀)နှင့် မြန်မာငွေကျပ်သိန်း ၂၀တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဇေယျာအောင် (၄၁) နှစ် အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post