• Follow Us on
Latest News

Home မင်္ဂလာဒုံမြို့နယ်တွင်ရပ်ထားသည့်ကား ၂ စီးပေါ် ဓာတ်ကြိုးပြတ်ကျမီးလောင်ရာမှ ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

မင်္ဂလာဒုံမြို့နယ်တွင်ရပ်ထားသည့်ကား ၂ စီးပေါ် ဓာတ်ကြိုးပြတ်ကျမီးလောင်ရာမှ ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇွန် ၁၇

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်၊ ရွှေနံသာကျေးရွာအုပ်စု၊ ပတ္တမြားလမ်းမပေါ်တွင် ယနေ့ နံနက် ၈ နာရီ ၂၀ အချိန်က ရပ်ထားသည့် ကား ၂ စီး ပေါ် ဓာတ်ကြိုးပြတ်ကျပြီး မီးလောင်ရာမှ ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး)မှ သိရ သည်။

 

“ရပ်ထားတဲ့ ထော်လာဂျီနဲ့ သဲတင်ထားတဲ့ ကားပေါ် ဓာတ်ကြိုးက ပြတ်ကျတာနဲ့ တူတယ်။ အားလုံး သုံးယောက်ပေါ့။ မိန်းကလေး အသက်သုံးနှစ်လောက်ရှိမယ်” ဟု မင်္ဂလာဒုံမြို့နယ် နေထိုင်သူတစ်ဦးက ပြောသည်။

 

ရပ်ထားသည့် ကား ၂ စီးပေါ် ဓာတ်ကြိုးပြတ်ကျပြီး မီးလောင်ရာ ယာဉ်ပေါ်ပါသည့် လူကြီး ၂ ဦးနှင့် ကလေး ၁ဦး စုစုပေါင်း (၃ ဦး) သေဆုံးသွားသဖြင့် သေဆုံး Dead Body လူကြီး ၂ ဦးအား မြန်မာနိုင်ငံလူမှုကယ်ဆယ် ရေးအဖွဲ့(ရန်ကုန်တိုင်း)နှင့် ကလေး Dead Body ၁ ဦးအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မြောက်ဥက္ကလာဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post