မင်္ဂလာဒုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၀၀ ပြား ဖမ်းဆီးရမိ

PUBLISHED - August 3, 2023
နေပြည်တော်၊ သြဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်း အရ သက်သေများနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် လမ်းလျှောက်လာသူ စိုင်းသန်းစိုးကြိုင်(ခ)ကိုစိုင်းအား စစ်ဆေးရှာဖွေရာ ၎င်းကိုင်ဆောင်လာသည့် ကြွပ်ကြွပ် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၄၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီ ၄၀ အချိန် စန်းဝင်းအောင်အား အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းတွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ထပ်မံဖမ်း ဆီးရမိခဲ့သဖြင့် စိုင်းသန်းစိုးကြိုင်(ခ)ကိုစိုင်း (၄၁) နှစ်နှင့် စန်းဝင်းအောင် (၄၂) နှစ်တို့အား မင်္ဂလာဒုံမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia