မစ္စတာဆရက်သာကို ထောက်ခံမဲပေးမယ့်ကိစ္စ အထက်လွှတ်တော်အမတ်တွေ သဘောထားကွဲလွဲနေဆဲဖြစ်
PUBLISHED - August 14, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၄
လာမယ့်ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ဖီယူထိုင်းပါတီကတင်သွင်းလာမယ့် ဝန်ကြီးချုပ်လောင်းဆရက်သာသာဗီဆင် ကို ထောက်ခံမဲပေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး အထက်လွှတ်တော်အမတ်တွေကြားမှာ သဘောထားကွဲလွဲနေတုန်း ပဲလို့ သိရပါတယ်။
အထက်လွှတ်တော်အမတ် ၂၅၀ ဟာ ဖီယူထိုင်းပါတီက ရွေးကောက်ပွဲမဲဆွယ်ပွဲမှာ ပြည်သူကိုကတိပေးခဲ့တဲ့ ဒစ် ဂျစ်တယ်ငွေ ဘတ် ၁၀၀၀၀ ထုတ်ပေးမယ့်ကိစ္စအပါအဝင် ဝန်ကြီးချုပ်လောင်းရဲ့ အရည်အချင်းတွေကို စစ်ဆေး ရမှာဖြစ်ကြောင်း အထက်လွှတ်တော်အမတ် ဆီရီဆူဝန်ပါနန့်က ပြောပါတယ်။
“ဝန်ကြီးချုပ်ရွေးကောက်ပွဲမတိုင်ခင် ဆရက်သာရှင်းပြတာကို အထက်လွှတ်တော်အမတ်တွေက နားထောင်ချင် နေပါတယ်။” လို့ ဆီရီက ပြောပါတယ်။
အထက်လွှတ်တော်အမတ် ၉၀% က မစ္စတာဆရက်သာကို ထောက်ခံမဲပေးလိမ့်မယ်ဆိုတဲ့ အထက်လွှတ်တော် အမတ် ဝန်ချိုင်းဆုန်ဆီရီပြောစကားကို တုံ့ပြန်ပြောကြားရာမှာ အထက်လွှတ်တော်အမတ်အများစုက အဲဒီလို ထောက်ခံမဲပေးမပေး ရှင်းရှင်းလင်းလင်း မသိရကြောင်း ဆီရီက ပြောပါတယ်။
“အခြေအနေတွေက မဲပေးပွဲမတိုင်ခင်မှာ ပြောင်းလဲသွားနိုင်ပါတယ်။ တကယ်လို့ ဝန်ကြီးချုပ်လောင်းက ဖွဲ့စည်း ပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့အရည်အချင်းတွေ ပြည့်မီခြင်းမရှိဘူးဆိုရင် အမည်စာရင်းတင်သွင်းမှုကို ပယ် ချခံရနိုင်ပါတယ်။ ကျွန်တော်ပြောတာ ယေဘုယျအခြေအနေကိုပြောတာပါ။ မစ္စတာဆရက်သာတစ်ဦးတည်းကို ဆိုလိုတာမဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
လာမယ့်ဝန်ကြီးချုပ်ရွေးကောက်ပွဲကို သြဂုတ်လ ၂၂ ရက်နေ့မှာ ကျင်းပမှာလားလို့မေးတဲ့အချိန်မှာ အဲဒီရက် သတ်မှတ်မယ့်ကိစ္စက လွှတ်တော်ဥက္ကဋ္ဌ ဝန်မူဟာမက်နော်မာသာအပေါ်မှာ မူတည်နေကြောင်း မစ္စတာဆီရီက ပြောပါတယ်။
Move Forward ပါတီခေါင်းဆောင် ပီတာလင်းဂျားရင်းနတ် အမည်စာရင်းထပ်မံတင်သွင်းတာကို လွှတ်တော်က ပယ်ချလိုက်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်ကြောင်း လက်ခံဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက်ပြီးရင် ဝန်ကြီးချုပ်ရွေးကောက်ပွဲကို သြဂုတ်လ ၂၁/ ၂၂ ရက်နေ့တွေမှာ ကျင်းပသွား နိုင်တယ်လို့ မစ္စတာဆီရီက ပြောပါတယ်။
အထက်လွှတ်တော်အမတ် ကစ်တီဆတ်ရတ္ထနာဝါရာဟာကလည်း အထက်လွှတ်တော်အမတ် ဝန်ချိုင်းပြောသ လို မစ္စတာဆရက်သာကို အထက်လွှတ်တော်အမတ် ၉၀% က ထောက်ခံမဲပေးလိမ့်မယ်လို့ မထင်ကြောင်း ပြောပါတယ်။
“လေးငါးရက်ကျန်ပါသေးတယ်။ ဝန်ကြီးချုပ်ရွေးကောက်ပွဲ မတိုင်ခင် ဘာမဆို ဖြစ်လာနိုင်ပါသေးတယ်။” လို့ အ ထက်လွှတ်တော်အမတ်ကစ်တီဆတ်က ပြောပါတယ်။
Ref: Doubt over PM candidate
#PoepleMedia