မစ္စတာဆရက်သာ ကမ္ဘာ့ဒုတိယအရပ်အမြင့်ဆုံးခေါင်းဆောင်ဖြစ်
PUBLISHED - August 26, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၆
ထိုင်းနိုင်ငံဝန်ကြီးချုပ်သစ် ဆရက်သာသာဗီဆင်ဟာ နိုင်ငံရဲ့ခေါင်းဆောင်သစ်အဖြစ် တာဝန်မထမ်း ဆောင်ရသေးတဲ့အချိန်မှာတောင် ၎င်းရဲ့မြင့်မားလှတဲ့အရပ်အမောင်းကြောင့် စံချိန်သစ်တင်သွားပြီဖြစ်ပါ တယ်။
အရပ်အမြင့် ၁၉၂ စင်တီမီတာရှိတဲ့ မစ္စတာဆရက်သာဟာ ၎င်းရှေ့က အရပ်အမြင့် ၁၇၈ စင်တီမီတာရှိတဲ့ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာထက် အရပ်ပိုမိုမြင့်မားသူဖြစ်ပါတယ်။
အရင်တုန်းကတော့ အာဆီယံခေါင်းဆောင်တွေထဲမှာ စင်္ကာပူခေါင်းဆောင်ဂိုချောက်တောင်က အရပ် အမြင့်ဆုံး ဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ ဆရက်သာဟာ အာဆီယံခေါင်းဆောင်တွေထဲမှာ အရပ်အမြင့် ဆုံးဖြစ်ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာတော့ ဆားဘီးယားသမ္မတအလက်ဇန္ဒားဗူးချိ(ပ်) ဟာ ၁၉၈ စင်တီမီတာ ရှည်လျားတဲ့အတွက် ကမ္ဘာ့အရပ်အရှည်ဆုံးခေါင်းဆောင်ဖြစ်ကြောင်း South China Morning Post (SCMP) က ရေးသားထားပါတယ်။
လက်ရှိအချိန်မှာတော့ မစ္စတာဆရက်သာဟာ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ဒုတိယအရပ်အမြင့်ဆုံးခေါင်း ဆောင်ဖြစ်ပါတယ်။
အရင်တုန်းကတော့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒီးယူတို့နှစ်ဦး စလုံး ဟာ အရပ်အမြင့် ၁၈၈ စင်တီမီတာရှိကြပြီး အဲဒီအချိန်က ကမ္ဘာ့ဒုတိယအရပ်အမြင့်ဆုံးနှစ်ဦးဖြစ်ခဲ့ပါ တယ်။
အမေရိကန်သမ္မတဟောင်းဘားရက်အိုဘားမားဟာ အရပ်အမြင့် ၁၈၅ စင်တီမီတာရှိပြီး လက်ရှိသမ္မတ ဂျိုးဘိုင် ဒန်ကတော့ ၁၈၂ စင်တီမီတာရှိပါတယ်။
မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ဟာ အရပ်အမြင့် ၁၇၉ စင် တီမီတာ အသီးသီးရှိကြပါတယ်။
ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ကတော့ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ နဝမမြောက်အရပ်အမြင့်ဆုံး ခေါင်း ဆောင်တစ်ဦးဖြစ်တယ်လု့ိ ဆိုပါတယ်။
Ref: Srettha is the world’s second tallest leader
#PeopleMedia