• Follow Us on
Latest News

Home မဇ္ဈိမဂုဏ်ရည်ဆရာတော်က ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများနှင့် အိမ်ထောင်စုပေါင်း (၆၀၀၀) ကျော်ကို သွားရောက်လှူဒါန်းမည်

မဇ္ဈိမဂုဏ်ရည်ဆရာတော်က ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများနှင့် အိမ်ထောင်စုပေါင်း (၆၀၀၀) ကျော်ကို သွားရောက်လှူဒါန်းမည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၁

 

ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများနှင့် အိမ်ထောင်စုပေါင်း (၆၀၀၀) ကျော်ကို ယနေ့မှ စတင်ပြီး သွား‌ရောက်လှူဒါန်းမည်ဖြစ်ကြောင်း မဇ္ဈိမဂုဏ်ရည်ဆရာတော်ဒေါက်တာဘဒ္ဒန္တကောဝိဒက လူမှုကွန်ရက် စာမျက်နှာတွင် အသိပေးထားသည်။

 

တောင်ငူ၊ နေပြည်တော်၊ လယ်ဝေး၊ တပ်ကုန်း၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည် ရေဘေးသင့် ဘုန်းတော်ကြီး ကျောင်းများ၊ ရေဘေးသင့်ပြည်သူများ၊ ကြိုတင်စာရင်း ကောက်ယူထားသည့် အိမ်ထောင်စုပေါင်း (၆၀၀၀) ကျော်ကို စက်တင်ဘာ ၂၁ ရက်မှ စတင်ပြီး မဇ္ဈိမဂုဏ်ရည်ဆရာတော်နှင့် မဇ္ဈိမပရဟိတသာသနာပြုအဖွဲ့ကြီးမှ ကိုယ်တိုင်သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံနေရာအနှံ့အပြား ရေဘေးသင့် ပြည်သူများအတွက် မဇ္ဈိမဂုဏ်ရည်ဆရာတော်ဒေါက်တာ ဘဒ္ဒန္တကောဝိဒမှ ကျပ်သိန်း ၅၀၀၊ ဆရာတော်ဦးဆောင်သော မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးမှ ကျပ်သိန်း ၅၀၀ ကို မတည် လှူဒါန်းထားသည်။

 

ရေဘေးအလှူငွေ ရရှိမှုမှာ ကျပ်သိန်းပေါင်း ၅,၅၂၈ သိန်း၊ အမေရိကန်ဒေါ်လာ ၁၂၀၀၀ နှင့် စင်္ကာပူဒေါ်လာ ၁၀၀ ရရှိခဲ့ကြောင်း ဆရာတော်၏ အသိပေးထားသည်။

 

#PeopleMedia


Share this post