• Follow Us on
Latest News

Home မတူကွဲပြားမှု အစီအစဉ်တွေကို ထရမ့် ပစ်မှတ်ထားတိုက်ခိုက်နေ

မတူကွဲပြားမှု အစီအစဉ်တွေကို ထရမ့် ပစ်မှတ်ထားတိုက်ခိုက်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃

 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ မတူကွဲပြားမှု (လူမည်း၊ LGBTQ ၊ ရွှေ့ပြောင်း၊ အပစ်ပယ်ခံအုပ်စုများ) အစီအစဉ် တွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုကို ဇန်နဝါရီ ၂၁ ရက်နေ့ (အင်္ဂါနေ့) ကစပြီး အရှိန်မြှင့် ဆောင်ရွက်လိုက်ပါတယ်။

 

အဲဒီလိုဆောင်ရွက်ရမှာ အခုစတင်လိုက်တဲ့အစီအစဉ်သစ်ကို ပူးပေါင်းပါဝင်ဖို့ ပုဂ္ဂလိကကဏ္ဍကို ဖိအားပေးခြင်း၊ မတူကွဲ ပြားတဲ့အုပ်စုထဲက ပုဂ္ဂိုလ်တွေကို အလုပ်ခန့်ထားမှုနဲ့ပတ်သက်ပြီး ပြန်လည်ဆန်းစစ်ဖို့ လေကြောင်းအာဏာပိုင်တွေကို ညွှန်ကြားခြင်းနဲ့ အစိုးရ DEI (မတူကွဲပြားမှု၊ တရားမျှတမှုနဲ့ အားလုံးပါဝင်မှု) ဝန်ထမ်းတွေကို လစာမပျက်ခွင့်ရက်ပေး သွားမယ်လို့ ပြောဆိုခြင်းတွေ ပါဝင်ပါတယ်။

 

ဒေါ်နယ်ထရမ့်အာဏာရလာတဲ့ ပထမဦးဆုံးနေ့မှာပဲ အစိုးရ DEI စီမံချက်တွေကို ရပ်ဆိုင်းဖို့ အမိန့်တွေ တစ်သီကြီးထုတ် ပြန်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ အခုလို ဆောင်ရွက်မှုတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မတူကွဲပြားမှု၊ တရားမျှတမှုနဲ့ အားလုံးပါဝင်မှုတို့အတွက် DEI စီမံချက်တွေဟာ အမျိုးသမီးတွေ၊ လူနည်းစုတိုင်းရင်းသား မျိုးနွယ်စုတွေ၊ LGBTQ တွေနဲ့ တခြား ကိုယ်စားပြုနိုင်လောက်အောင် အရေအတွက်များပြားခြင်းမရှိတဲ့ အုပ်စုတွေအ တွက် အခွင့်အလမ်းတွေ မြှင့်တင်ပေးဖို့ ကြိုးပမ်းနေတဲ့ စီမံချက်တွေဖြစ်ပါတယ်။

 

ကာလရှည်ဖြစ်ပေါ်နေတဲ့ တရားမျှတမှုမရှိခြင်းနဲ့ စနစ်တကျတည်ရှိနေတဲ့လူမျိုးရေးခွဲခြားမှုကို ကိုင်တွယ်ဆောင်ရွက်ဖို့ အ တွက် အခုလို အစီအစဉ်မျိုးတွေဟာ မရှိမဖြစ်လိုအပ်တယ်လို့ လူ့အခွင့်အရေးတိုက်ပွဲဝင်နေသူတွေက ပြောပါတယ်။

 

ထရမ့်အစိုးရဟာ အမေရိကန်တပ်မတော်ရဲ့ ပထမဦးဆုံး အမျိုးသမီးစစ်ဦးစီးချုပ်ဖြစ်တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ စစ်ဦးစီး ချုပ် လင်ဒါဖာဂန်ကို “ခေါင်းဆောင်မှုအရည်အချင်း မပြည့်မီဘူး” ဆိုတဲ့ စွဲချက် “မတူကွဲပြားမှုအစီအစဉ်တွေအပေါ် အလွန်အကျွံ အာရုံစိုက်လွန်းတယ်” ဆိုတဲ့ စွဲချက်တွေနဲ့ အပြစ်တင်ပြီး အလုပ်ဖြုတ်လိုက်ပါတယ်။ သမ္မတထရမ့်ဟာ အီရန်နိုင်ငံက လုပ်ကြံဖို့ ပစ်မှတ်ထားနေတဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျွန် ဘော်လ်တန်အတွက်ပေးထားတဲ့ လုံခြုံရေးတွေကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

 

“သူက အတော့်ကို တုံးတဲ့ပုဂ္ဂိုလ်ပါပဲ။” လို့ ထရမ့်က ပြောပါတယ်။

 

ဒေါ်နယ်ထရမ့်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံဖို့ ဆုံးဖြတ်ထားသလို မက္ကဆီကို နဲ့ ကနေဒါက တစ်ဆင့် တရုတ်နိုင်ငံက fentanyl ဆေးဝါးတင်သွင်းနေတဲ့အတွက် တရုတ်နိုင်ငံကိုလည်း သွင်းကုန်အခွန် ၁၀% ကောက်ခံဖို့ ဆွေးနွေးနေပါတယ်။

 

တရုတ်နိုင်ငံကလည်း ထရမ့်ခြိမ်းခြောက်နေတဲ့ ပို့ကုန်အခွန်တိုးမြှင့်ကောက်ခံရေးကို ကာကွယ်ဖို့အတွက် ဆုံးဖြတ်ထား ကြောင်း တရုတ်အစိုးရက မနေ့က ပြောပါတယ်။

 

ဒေါ်နယ်ထရမ့်ဟာ ၁၉၆၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆောင်ရွက်မှုတွေ၊ တရားမျှတမှုရှိတဲ့ အ လုပ်အကိုင်အခွင့်အလမ်းတွေ၊ လူမျိုးရေး/ကျားမ/ဘာသာရေး အခြေခံတဲ့ လုပ်ငန်းခွင်ဟန်ချက်ညီညွတ်မျှတရေးအ တွက် ဖက်ဒရယ်ကန်ထရိုက်တာတွေကို တိုက်တွန်းအားပေးရေးတွေနဲ့ ပတ်သက်တဲ့ အစိုးရအမိန့်တွေကို ဇန်နဝါရီ ၂၁ ရက်နေ့က ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ထရမ့်ရဲ့အမိန့်ဟာ အစိုးရကန်ထရိုက်အလုပ်တွေလက်ခံရရှိတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ (လူမှုရေး၊ နိုင်ငံရေး၊ စီးပွား ရေးအသိုင်းအဝိုင်းတွေကနေ) ပစ်ပယ်ခံထားရတဲ့သူတွေကို ၎င်းတို့ကုမ္ပဏီတွေမှာ အလုပ်မခန့်ရေး တိုက်တွန်းဖို့ ကြိုး ပမ်းထားတဲ့ အမိန့်ပဲဖြစ်ပါတယ်။

 

ဇန်နဝါရီ ၂၁ ရက်နေ့ (အင်္ဂါနေ့) က ထုတ်ပြန်ခဲ့တဲ့ အမိန့်ပါဝင်တဲ့ အစိုးရရုံးစာထဲမှာ မတူကွဲပြားတဲ့အုပ်စုက ရုံးဝန်ထမ်း တွေကို ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၅ နာရီမတိုင်ခင် လစာမပျက်ခွင့် ချက်ချင်း ပေးလိုက်ဖို့ အစိုးရရုံးဌာနတွေကို ညွှန် ကြားထားပါတယ်။

 

အစိုးရဌာနတွေနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ အလုပ်အကိုင်ခန့်ထားရာမှာ စစ်မှုထမ်းဟောင်းတွေကို ဦးစားပေးရွေးချယ်တဲ့ ကိစ္စကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ကတော့ ဒီအမိန့်ထဲမှာ ပြဋ္ဌာန်းထားတယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် DEI စီမံချက်အရ မတူကွဲပြားတဲ့ဝန်ထမ်းတွေကို အလုပ်ခန့်ထားဖို့ ဖက်ဒရယ်လေကြောင်းလိုင်းအုပ်ချုပ်ရေးအဖွဲ့ FAA ကို တိုက်တွန်းအားပေးထားတဲ့ ဘိုင်ဒန်အစိုးရရဲ့အစီအစဉ်တစ်ရပ်ကို ရပ်ဆိုင်းကြောင်း ရုံးစာတစ်စောင်ကိုလည်း ထရမ့်က လက်မှတ်ရေးထိုးလိုက်ပြီး DEI ဝန်ထမ်းတွေ အလုပ်ခန့်ထားတာကို ရပ်ဆိုင်းဖို့ FAA ကို ညွှန်ကြားလိုက် ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

 

ဒါ့အပြင် ထရမ့်ဟာ ၎င်းရဲ့ ဒုတိယအကြိမ်သမ္မတသက်တမ်းမှာ မဟာ AI စီမံချက်ကြီးတစ်ခုလုပ်ဖို့ စည်းရုံးခဲ့ပေမဲ့ ဘိရှော့ဘုန်းတော်ကြီးတစ်ပါးရဲ့ပြစ်တင်ဆုံးမမှုအပါအဝင် ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ထရမ့်ဟာ အမေရိက ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ LGBTQ ပြည်သူတွေကြားမှာ အကြောက်တရားတွေ များပြားလာ အောင် လုပ်ဆောင်နေတယ်ဆိုပြီး ဝါရှင်တန်ဘိရှော့ဘုန်းတော်ကြီးတစ်ပါးက အင်္ဂါနေ့က ထရမ့်ကို ဝေဖန်ပြောဆိုလိုက် ပါတယ်။ “ကရုဏာတရားလက်ကိုင်ထားဖို့ ဘုန်းတော်ကြီးအနေနဲ့ သမ္မတကြီးကို ပြောချင်ပါတယ်။” လို့ Washington National Cathedral ဘုရားကျောင်းက ဘုန်းတော်ကြီးအဂ္ဂါဘတ်ဒီ (Edgar Budde) က ပြောပါတယ်။

 

Ref: Trump targets US diversity scheme

 

#PeopleMedia


Share this post