မတ္တရာနှင့် မြင်းမူတို့တွင် PDF ပစ်ခတ်လိုက်သည့်လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ
PUBLISHED - August 7, 2024
နေပြည်တော်၊ ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တို့တွင် PDF အမည်ခံ အကြမ်း ဖက်အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သောရက်ပိုင်းက မတ္တရာမြို့နယ်၊ လက်ကောင်းကြီးကျေးရွာနေ ဦးဝင်းမောင် (၆၅)နှစ်သည် ၎င်း၏နေအိမ်၌ သားမက်ဖြစ်သူ ဦးအောင်ဇော် (၄၇)နှစ်နှင့်အတူရှိနေစဉ် နေအိမ်ပေါ်သို့ PDF အကြမ်းသမား များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဦးဝင်းမောင်တွင် ဗုံးသီး ပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးအောင်ဇော်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
အလားတူ မြင်းမူမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နေ ကိုချစ်ကောင်း(၂၂)နှစ်နှင့် ဇနီးဖြစ်သူ မအိရွှေစင်(၂၁)နှစ် တို့သည် ၎င်းတို့၏နေအိမ်ရှေ့၌ ရေချိုးနေစဉ် နေအိမ်ရှေ့သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ပစ်ခတ် လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
#PeopleMedia