• Follow Us on
Latest News

Home မတ္တရာမြို့တွင် ကျောက်မှုန့်ကြိတ်စက်ရုံပိုင်ရှင်အမျိုးသားတစ်ဦးအပါအဝင် (၄) ဦး သေနတ်ပစ်ခံရ၍ သေဆုံး

မတ္တရာမြို့တွင် ကျောက်မှုန့်ကြိတ်စက်ရုံပိုင်ရှင်အမျိုးသားတစ်ဦးအပါအဝင် (၄) ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ရှမ်းမြောင်းကျေးရွာရှိ Asia Calcium ကျောက် မှုန့်ကြိတ်လုပ်ငန်းရှိ ပိုင်ရှင်အမျိုးသားအပါအဝင် (၄) ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ရှမ်းမြောင်းကျေးရွာရှိ Asia Calcium ကျောက်မှုန့်ကြိတ်လုပ် ငန်းစက်ရုံအနီးရှိ တောလမ်းပေါ်တွင် ထိုစက်ရုံပိုင်ရှင်အမျိုးအပါအဝင် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦး တို့မှာ ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ထိုဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များမှ သွားရောက်စစ်ဆေးရာ ကျောက်မှုန့်ကြိတ်စက်ရုံပိုင်ရှင် အသက်(၄၅) နှစ်အရွယ် ဦးမောင်စိုး (ခ)ဖီလန် တရုတ်+ဗမာ/ဗုဒ္ဓ ဘယ်ဘက်/ညာဘက် ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ညာဘက်ပါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နှာခေါင်းရိုးကျိုး ဒဏ်ရာ ၁ ချက်၊ ပေါင်း ၄ ချက်ဖြင့်လည်း ကောင်း၊ ကျောက်မှုန့် ကြိတ်စက်ရုံမန်နေဂျာမှာ အသက်(၃၆) နှစ်ဦးနေအောင်(ခ)ဝဏ္ဏ ညာဘက်ပုခုံး/ ညာ ဘက်ပါး/ညာဘက်နံဘေး/ညာဘက်ဒူးအောက်ကျည် ဖောက်ထွက်ဒဏ်ရာ ၄ ချက်ဖြင့်လည်းကောင်း၊ ကျောက်မှုန့်ကြိတ်စက်ရုံစာရေးဖြစ်သူ အသက်(၄၅)နှစ်အရွယ် ဒေါ်ချောစုထွေးမှာ ဘယ်ဘက်/ညာရင်အုံကျည် ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ညာပါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နှာခေါင်းရိုးကျိုးဒဏ်ရာ ၁ ချက်၊ ပေါင်း ၄ ချက် ဖြင့်လည်းကောင်း၊ အသက်(၃၆)နှစ်ခန့် အမျိုးသား ၁ ဦး(စိစစ်ဆဲ)တွင် ညာဘက်ပုခုံး/ညာဘက်ပါး/ ညာဘက်နံဘေး/ ညာဘက်ဒူးအောက်ကျည်ဖောက်ထွက်ဒဏ်ရာ ၄ ချက်တို့ရရှိပြီး သေဆုံးသွားကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်အတွက်ကြောင့် သတ်ဖြတ်ခံရသည်ကို သိရှိရခြင်း မရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post