• Follow Us on
Latest News

Home မတ္တရာမြို့တွင် ကျေးရွာပြည်သူ့စစ်အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရ

မတ္တရာမြို့တွင် ကျေးရွာပြည်သူ့စစ်အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၅

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ရွှေချောင်းကျေးရွာအုပ်စု ရွှေချောင်းအလယ် ကျေးရွာတွင် PDF များပစ်ခတ်မှုကြောင့် ကျေးရွာပြည်သူ့စစ်အမျိုးသားနှစ်ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

 

ဇန်နဝါရီလ ၃ ရက် မွန်းလွဲ ၁၂ နာရီကျော်တွင် ရွှေချောင်းအလယ်ကျေးရွာတွင် PDF အများအပြား ဝိုင်းထား ကြောင်း သတင်းရရှိသောကြောင့် စစ်ကူ/ပစ်ကူပေးရန်အတွက် ပူးပေါင်းအဖွဲ့မှ ထိုကျေးရွာသို့ ထွက်ခွာရာ မွန်းလွဲ ၃ နာရီတွင် ရောက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ထိုပူးပေါင်းအဖွဲ့မှ ကျေးရွာအတွင်းလိုက်လံစစ်ဆေးရာ ရွှေချောင်းအလယ်ကျေးရွာတွင်နေသည့် အသက် (၅၂) နှစ်အရွယ် ဦးကျော်ဌေးမှာ ၎င်းနေအိမ်ရှေ့တွင် ညာဘက်ပါး/ဘယ်ဘက်နားထင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၂) ချက်၊ အသက်(၄၀)နှစ်အရွယ် ဦးသိန်းဝင်းမှာ ကျေးရွာထိပ်လမ်းမပေါ်တွင် ဦးခေါင်းနောက်စေ့ကျည် ဖောက်ဝင်/ ညာဘက်နားထင် ဖောက်ထွက် ဒဏ်ရာ ၂ ချက်၊ ဘယ်ဘက်လက်ဖျံကျည်ဖောက်ဝင်/ဖောက်ထွ က်ဒဏ်ရာ ၂ ချက်တို့ရရှိပြီး သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post