• Follow Us on
Latest News

Home မတ္တရာမြို့တွင် ဈေးဝယ်ပြီးပြန်လာသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

မတ္တရာမြို့တွင် ဈေးဝယ်ပြီးပြန်လာသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့၊ ဥက္ကံကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင် (၃၂/ဝ-၁) ကြားအရောက်တွင် မော်တော်ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီးပြန်လာသည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီကျော်တွင် ပတ်လည်အင်းကျေးရွာတွင် နေသည့်အမျိုးသမီးမှာ မော် တော်ဆိုင်ကယ်ဖြင့် ရေနံ့သာကျေးရွာသို့ ဈေးဝယ်ပြီး တစ်ဦးထဲမောင်းနှင်လာစဉ် ဥက္ကံကျေးရွာအနီးတွင် ထို မော်တော်ဆိုင်ကယ်နောက်၌ PDF များမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်မှ သေနတ်ဖြင့်ပစ်ခတ်သွား ကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရသည့် အသက် (၃၈) နှစ်အရွယ် ဒေါ်နွယ်မာလင်းမှာ ဘယ်ဘက် နားနောက် ကျည်ဖောက်ဝင်နှင့် ညာဘက်နားနောက်ဖောက်ထွက်ဒဏ်ရာတို့ ရရှိ၍ သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post