• Follow Us on

Home မတ္တရာမြို့တွင် မျက်နှာအဝတ်စအနီဖြင့်စည်း၍ လက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ခံရသည့် အမျိုးသား ရုပ်အလောင်းတွေ့ရှိ

မတ္တရာမြို့တွင် မျက်နှာအဝတ်စအနီဖြင့်စည်း၍ လက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ခံရသည့် အမျိုးသား ရုပ်အလောင်းတွေ့ရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ Alpha ဘိလပ်မြေစက်ရုံအဝင်လမ်းဘေးတွင် မျက်နှာအဝတ်စအနီဖြင့်စည်း၍ လက်ပြန်ကြိုးတုတ်ပြီး သတ်ဖြတ်ခံရသည့် အမျိုးသားရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၄ ရက် နံနက် ၉ နာရီကျော်တွင် Alpha ဘိလပ်မြေစက်ရုံအဝင်လမ်းဘေးတွင် ပုပ်ပွနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း တာဝန်ရှိပြည်သူများမှ သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသတ်ဖြတ်ခံရသည့် အမျိုးသားမှာ လက်ရှိအချိန်တွင် ပိုင်ရှင်မဲ့ရုပ်အလောင်းဖြစ်ပြီး ၎င်း၏မျက်နှာတွင် အဝတ်စအနီရောင်ဖြင့် စည်းပြီး၊ လက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းအပေါ်ပိုင်းမှာ ပွင့်ထွက်၍ ရုပ်အလောင်း မှာလည်းပုပ်ပွနေကြောင်း၊ မည်သူများမှ သတ်ဖြတ်သွားသည်ကို သိရှိရခြင်းမရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post