• Follow Us on
Latest News

Home မတ္တရာမြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

မတ္တရာမြို့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၇

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ပိဿကာစုကျေးရွာတွင် နေသည့် ရာအိမ်မှူး ဦးတင်ဝင်းကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

သြဂုတ်လ ၅ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ပိဿကာစုကျေးရွာတွင် နေသည့် ရာအိမ်မှူး ဦးတင်ဝင်းမှာ ထိုကျေးရွာ၏ မြောက်ဘက်တွင်ရှိသည့် ၎င်းမွေးမြူထားသော ငါးမွေးကန်ထဲ၌ ရှိနေစဉ်အတွင်း PDF များ မော်တော်ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုပစ်ခတ်ခံရသည့် ရာအိမ်မှူး ဦးတင်ဝင်းမှာ ညာဘက်နားထင်ပေါ်နှင့်ဘယ်ဘက်နားထင်တို့တွင် ကျည်ထိ ဒဏ်ရာများရရှိပြီး အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post