• Follow Us on
Latest News

Home မတ္တရာမြို့တွင် “ရွှေတံတားလူမှုကူညီရေးအသင်း” ဥက္ကဋ္ဌ သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

မတ္တရာမြို့တွင် “ရွှေတံတားလူမှုကူညီရေးအသင်း” ဥက္ကဋ္ဌ သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ လမိုင်းကျေးရွာအုပ်စု၊ ကျောက်တံတားကျေးရွာရှိ “ရွှေတံတားလူမှုကူညီ ရေးအသင်း” ဥက္ကဋ္ဌကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

သြဂုတ်လ ၁၂ ရက် နံနက် ၇ နာရီကျော်တွင် PDF (၄) ဦးမှ မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် ကျောက်တံတား ကျေးရွာရှိ “ရွှေတံတား လူမှုကူညီရေးအသင်း” သို့ရောက်ရှိပြီး ထိုအသင်းရုံးရှေ့တွင် တစ်ဦးတည်းထိုင်နေသည့် အသင်းဥက္ကဋ္ဌတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရသည့် ဥက္ကဋ္ဌ ဦးမြင့်မှာ အသက် (၆၆) နှစ်ခန့်ရှိပြီး PDF များ၏ ပစ်ခတ်မှုကြောင့် ကျည်ထိ ဒဏ်ရာ (၆) ချက်ရရှိပြီး သေဆုံးသွားကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ သြဂုတ်လ (၇) ရက် ညနေ (၃) နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ရှိ မီးသတ်ဦးစီးမှူအပါအဝင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များကို PDF များမှ ဖမ်းဆီးသွားသည် မှာ ယနေ့အချိန်ထိ လွတ်မြောက်ပေးခြင်းမရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post