• Follow Us on
Latest News

Home မတ္တရာမြို့တွင် လက်ဖက်ရည်သောက်ပြီး နေအိမ်သို့လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံ ရ၍ သေဆုံး

မတ္တရာမြို့တွင် လက်ဖက်ရည်သောက်ပြီး နေအိမ်သို့လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံ ရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာရှိ “အေးချမ်းရိပ်” လက်ဖက် ရည်ဆိုင်မှ နေအိမ်သို့လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၁ နာရီကျော်တွင် “အေးချမ်းရိပ်” လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်ပြီး ပြန်လာသည့် အမျိုးသားတစ်ဦးမှာ ရွာလယ်လမ်းမအရောက်တွင် မော်တော်ဆိုင်ကယ်နှစ်စီးမှ ထိုအမျိုးသားနေရာသို့ ရောက်ရှိလာပြီး ထိုဆိုင်ကယ်ပေါ်တွင်လိုက်ပါစီးနှင်လာသည့် PDF (၄) ဦးမှ ထို အမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရမူကြောင့် အသက်(၄၄) နှစ်အရွယ် အေးလွင်ဦး(ခ)ဂတုံး၏ ဦးခေါင်းထိပ် ကျည် ဖောက်ဝင်ဒဏ်ရာ(၁) ချက်၊ ဘယ်ဘက်နံဘေးတွင် ကျည်ဖောက်ဝင်/ညာ ဘက်နံဘေးတွင် ကျည်ဖောက် ဝင်ဒဏ်ရာတို့ရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post