• Follow Us on
Latest News

Home မတ္တရာမြို့တွင် အမျိုးသားတစ်ဦး ဓားထိုးဒဏ်ရာများဖြင့် သေဆုံး

မတ္တရာမြို့တွင် အမျိုးသားတစ်ဦး ဓားထိုးဒဏ်ရာများဖြင့် သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၃

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့၊ လက်ဝဲကြီးကျေးရွာနှင့် လမိုင်းကျေးရွာကြားတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။

 

သြဂုတ်လ ၂ ရက် နံနက် ၈ နာရီအချိန်တွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်း ရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များမှ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုစစ်ဆေးမှုများပြုလုပ်ရာတွင် အသက်(၃၅) နှစ်အရွယ် အမျိုးသားတစ်ဦး၏ နောက်ကျောမှ ဘယ်ဘက်ရင်အုံ၊ ဘယ်ဘက်နားထင်နှင့် ညာမျက်ခုံးတို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post