• Follow Us on
Latest News

Home မတ္တရာမြို့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

မတ္တရာမြို့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့တွင် ပြည်သူနှစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး သွားကြောင်း သိရသည်။ မကြာသေးမီရက်ပိုင်းက မတ္တရာမြို့၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ ဝသုန္ဒရ ကျေးရွာ၊ မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင် (၁၄/၃) အနီးအရောက်တွင် PDF များမှ ပြည်သူနှစ်ဦးကို သေ နတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုပစ်ခတ်ခံရသူနှစ်ဦးမှာ မတ္တရာမြို့၊ ရွှေချောင်းကျေးရွာတွင်နေသည့် အသက် (၆၀) နှစ်အရွယ် ဦးဝင်းဝင်းနှင့် ၎င်း၏ ခယ်မဖြစ်သူ အသက် (၃၁) နှစ်အရွယ် ဒေါ်ခင်သူဇာဝင်းတို့ကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွား သောကြောင့် သေဆုံးသွားကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငါန်းဇွန်မြို့၊ နွားထိုးကြီး၊ စဉ့်ကူးနှင့် မတ္တရာတို့တွင် ပြည်သူ စုစုပေါင်း (၁၂) ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post