• Follow Us on
Latest News

Home မတ္တရာမြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

မတ္တရာမြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်း ကျေးရွာတွင် နေသည့်အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထန်းပင်ကုန်းကျေးရွာတွင် နေသည့် ဦးစိုးမိုး၏နေအိမ်သို့ PDF (၁၀) ဦးခန့် ရောက်ရှိလာပြီး ဦးစိုးမိုးမှာ ထိုအဖွဲ့ကိုကြောက်ပြီး ထွက်ပြေးစဉ် ၎င်းတို့မှ ဦးစိုးမိုးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရသည့် ဦးစိုးမိုးမှာ ၎င်း၏ညာဘက်ရင်အုံတွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၂) ချက်၊ ညာ ဘက်နားထင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ရင်ညွှန့်တွင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက် လည်ပင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post