• Follow Us on

Home မတ္တရာမြို့တွင် အမျိုးသမီးတစ်ဦး လယ်ကွင်းထဲ၌ သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

မတ္တရာမြို့တွင် အမျိုးသမီးတစ်ဦး လယ်ကွင်းထဲ၌ သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာရှိ အနောက်ဘက်လယ် ကွင်းတွင် အမျိုးသမီးတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၄ ရက် နံနက် ၉:၂၀ အချိန်တွင် PDF များမှ မနန်းချစ်မိုး(ခ)မိုးမိုး၏ နေအိမ်သို့ ရောက်ရှိလာ ပြီး ထိုနေအိမ်တွင် အမျိုးသားနှင့်အတူရှိနေစဉ် PDF များမှ မနန်းချစ်မိုး(ခ)မိုးမိုး၏ အမျိုးသားဖြစ်သူကို မှောက် ခိုင်းပြီး မနန်းချစ်မိုးတစ်ဦးထဲကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုပစ်ခတ်ခံရသည့် အမျိုးသမီးမှာ အသက် (၃၃) နှစ်ရှိပြီး PDF များ၏ပစ်ခတ်မှုကြောင့် ညာဘက်နားထင်ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ရင်ညွန့်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး သေဆုံးသွားကြောင်း သိရ သည်။

 

Photo – Credit

 

#PeopleMedia


Share this post