• Follow Us on
Latest News

Home မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်း နှစ်လောင်းတွေ့

မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်း နှစ်လောင်းတွေ့

Share this post

နေပြည်တော်၊ သြဂုတ် ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ပြည်သာယာကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာ တို့တွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်း နှစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ (၁၄)ရက် နံနက် (၁၀)နာရီအချိန်က မတ္တရာမြို့နယ်၊ ပြည်သာယာကျေးရွာ အရှေ့ဘက် လယ်ကွင်း များအနီးတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းအား တွေ့ရှိခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာတွင် ပါးစပ်၌ အဝါရောင်တိပ်ဖြင့် ကပ်ထားပြီး နိုင်လွန်ကြိုးဖြင့် လက်ပြန်ကြိုးတုပ်ခံထားရသည့် အသက် (၄၀) နှစ်အရွယ်ခန့် အမျိုးသားတစ်ဦး (စိစစ်ဆဲ)အား လည်ပင်း၊ ရင်အုံနှင့် ဝဲ၊ယာခြေထောက်တိုတွင် ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

အလားတူ ဩဂုတ်လ (၁၄)ရက် နံနက် (၁၁)နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သ ရက်ကိုင်းကျေးရွာ၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာ မန္တလေး – မတ္တရာသွားကားလမ်းမှ Alpha ဘိ လပ်မြေစက်ရုံသွား ကွန်ကရစ်လမ်းဘေးတွင် ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ သတင်းအရ လုံခြုံရေးတပ်ဖွဲက သွားရောက်စစ်ဆေးခဲ့ရာ မျက်လုံးအား ပုဆိုးဖြင့်စည်းကာ ပါးစပ်တွင် တိပ်ဖြင့်ကပ်ထားပြီး လက်ပြန်ကြိုး တုပ်ခံထားရသည့် အသက် (၄၀) နှစ်ခန့် အမျိုးသားတစ်ဦးအား လည်ပင်း၊ ရင်အုံ၊ ဝမ်းဗိုက်နှင့် ဝဲ၊ ယာ ခြေထောက်များတွင် ထိုးသွင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ ကြောင်း သိရသည်။

 

#PeopleMedia


Share this post