• Follow Us on
Latest News

Home မတ္တရာမြို့ရှိ ကျေးရွာသုသာန်တစ်ခု၌ ဦးခေါင်းကျည်ထိပစ်ခတ်ခံရသည့် ရုပ်အလောင်းတွေ့ရှိ

မတ္တရာမြို့ရှိ ကျေးရွာသုသာန်တစ်ခု၌ ဦးခေါင်းကျည်ထိပစ်ခတ်ခံရသည့် ရုပ်အလောင်းတွေ့ရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ လက္ကောင်းကြီကျေးရွာသုဿာန်၌ အမျိုးသား တစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး ပစ်ခတ်ခံရသည့် ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၉ ရက် မွန်းလွဲ ၂ နာရီကျော်တွင် လက္ကောင်းကြီကျေးရွာသုဿာန်၌ အမျိုးသားတစ်ဦး ဦးခေါင်း နောက်စေ့ညာဘက်နားထင်နှင့် နောက်ကျောတွင် ဘယ်ဘက်ရင်အုံတွင်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေ ဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များမှ သွား ရောက်စစ်ဆေးခဲ့ကြောင်း ခဲ့ရသည်။

 

ထိုပစ်ခတ်ခံရသည့် ပိုင်ရှင်မဲ့ရုပ်အလောင်းကို မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို ပို့ဆောင်ထားကြောင်း၊ မကြာ သေးမီရက်ပိုင်းကလည်း မတ္တရာမြို့တွင် အမျိုးသား (၃) ဦးကို PDF များမှ ဖမ်းဆီးခေါ်ဆောင်ပြီး အမျိုးသား (၁) ဦးကို PDF များမှ ဓားဖြင့်လှည်းပင်းအား လှီးဖြတ်ပြီး၊ အမျိုးသား (၂) ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post