• Follow Us on
Latest News

Home မတ္တရာမြို့ရှိ စည်ပင်ရုံးသို့ ဗုံးလာခွဲသည့် PDF နှစ်ဦး ၎င်းတု့ိသယ်ဆောင်လာသည့် ဗုံးမှာပေါက်ကွဲ၍ သေဆုံး

မတ္တရာမြို့ရှိ စည်ပင်ရုံးသို့ ဗုံးလာခွဲသည့် PDF နှစ်ဦး ၎င်းတု့ိသယ်ဆောင်လာသည့် ဗုံးမှာပေါက်ကွဲ၍ သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ် ၄

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့ရှိ မြို့နယ်စည်ပင်ရုံးသို့ ဗုံးလာရောက်ခွဲသည့် PDF လင်မယားနှစ်ဦး ၎င်းတို့သယ်ဆောင်လာသည့် ဗုံးမှာပေါက်ကွဲ၍ သေဆုံးသွားကြောင်း သိရသည်။

 

သြဂုတ်လ ၃ ရက် ညနေ ၅:၄၅ အချိန်တွင် PDF လင်မယားနှစ်ဦး မော်တော်ယာဉ်အတွင်းထဲ၌ ဗုံးကိုထည့်ပြီး မြို့နယ်စည်ပင်ရေးရုံးသို့ မောင်းနှင်လာစဉ် ထိုရုံး၏ အနောက်ဘက်လမ်းကြားအရောက်တွင် ၎င်းတို့မိုင်းမှာ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

၎င်းတို့လာရောက်ဖောက်ခွဲသည့် မိုင်းမှာ ပေါက်ကွဲ၍ PDF လင်မယားနှစ်ဦး ဇနီးမှာ အခင်းနေရာတွင် သေဆုံး ပြီး၊ ဒဏ်ရာပြင်းထန်ရရှိသည့် အမျိုးသားကို တာဝန်ရှိသူများမှ မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး ၎င်းမှာ ဒဏ်ရာပြင်းထန်သောကြောင့် ဆေးကုသနေစဉ် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post