မတ္မွေမ ၃ လအတြင္း ဘဂၤလားေဒ့႐ွ္အသင့္၀တ္အထည္ခ်ဳပ္လုပ္သားမ်ား အေမရိကန္ေဒၚလာ ၅၀၁ သန္းနီးပါးဆံုး႐ွံဳး
PUBLISHED - August 11, 2020
ဒါကာ၊ ၾသဂုတ္ ၁၁
ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွအသင့္၀တ္(Readymade)အထည္ခ်ဳပ္လုပ္သားမ်ား ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာ ဂါေၾကာင့္ မတ္မွ ေမ ၃ လအတြင္း အေမရိကန္ေဒၚလာ ၅၀၁ သန္းနီးပါးဆံုး႐ွံဳးခဲ့ေၾကာင္း တနလၤာေန႔ တြင္ထုတ္ျပန္သည့္ ကမာၻလံုးဆိုင္ရာအစီရင္ခံစာတစ္ခုတြင္ပါ၀င္သည္။
“ကမာၻ႔ကပ္ေရာဂါအတြင္း ေငြအျပည့္မရျခင္း၊ အထည္ခ်ဳပ္လုပ္ငန္းခြင္၏လုပ္သားမ်ားအေပၚ အေႂကြးက်န္မႈကို ခန္႔မွန္းျခင္း” အစီရင္ခံစာတြင္ COVID-19 ကမာၻ႔ကပ္ေရာဂါစတင္ၿပီးေနာက္ပိုင္း ကမာၻတ၀န္းမွအထည္ခ်ဳ ပ္လုပ္သားမ်ားက ပံုမွန္လုပ္ခလစာေငြမရခဲ့ေၾကာင္း သို႔မဟုတ္ လံုး၀မရခဲ့ေၾကာင္း ေျပာထားသည္။
မတ္မွေမ ၃ လအတြင္း ဘဂၤလားေဒ့႐ွ္အသင့္၀တ္အထည္ခ်ဳပ္က႑တြင္ လုပ္ခလစာကြာဟမႈ ၂၉.၅ ရာခိုင္ ႏႈန္းေနေၾကာင္း သုေတသနအစီရင္ခံစာက ခန္႔မွန္းထားသည္။
“လုပ္သားေတြရဲ႕ေနထိုင္မႈကိုကပ္ဆိုက္တဲ့ပံုစံဆံုး႐ွံဳးပ်က္စီးမႈကိုေနာက္ျပန္လွန္ႏိုင္ဖို႔နဲ႔ ေနာက္တစ္ႀကိမ္အဲဒီလို အၾကပ္အတည္းထပ္မျဖစ္ေအာင္ ကာကြယ္ဖို႔တစ္ခုတည္းေသာနည္းလမ္းကေတာ့ အ၀တ္အထည္အမွတ္တံ ဆိပ္ေတြအေနနဲ႔ ခ်က္ခ်င္းနဲ႔ၾကာ႐ွည္တည္ၿမဲတဲ့လုပ္ရပ္ေတြေဆာင္႐ြက္ဖို႔ပါပဲ” ဟု အစီရင္ခံစာတြင္ အၾကံျပဳ ထားသည္။
မတ္လတြင္ အထည္ခ်ဳပ္စက္႐ံုအနည္းဆံုး ၁၅၀ ယာယီပိတ္ခဲ့ၿပီးေနာက္ ဘဂၤလားေဒ့႐ွ္အထည္ခ်ဳပ္လုပ္သား ၁၄၇၀၀၀ လုပ္ခလစာမရခဲ့ေၾကာင္း အစီရင္ခံစာတြင္ ခန္႔မွန္းထားသည္။
ကမာၻ႔ကပ္ေရာဂါမတိုင္ခင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွအသင့္၀တ္အထည္ခ်ဳပ္စက္႐ံု ၄၅၀၀ တြင္ အၾကမ္းအားျဖင့္ လုပ္သား ၄.၄ သန္း႐ွိၿပီး တစ္ေယာက္လွ်င္ ပ်မ္းမွ်လုပ္ခလစာအေမရိကန္ေဒၚလာ ၁၁၂ ရေလ့႐ွိေသာ္လည္း မတ္လတြင္ ပ်မ္းမွ် ၁၀၁ ေဒၚလာသာရခဲ့သည္။
အဆံုးစြန္တာ၀န္႐ွိသည္မွာ ၀ယ္သူမ်ားျဖစ္ခ်ိန္တြင္ ယခုအစီရင္ခံစာထုတ္ျပန္ခဲ့ျခင္းမွာ လံုး၀ေစာ္ကားသည့္ လုပ္ရပ္ျဖစ္ေၾကာင္း ဘဂၤလားေဒ့႐ွ္အထည္ခ်ဳပ္ထုတ္လုပ္သူမ်ားႏွင့္ ႏိုင္ငံျခားတင္ပို႔သူမ်ားအသင္းဥကၠ႒ ႐ူဘာနာ ဟက္က New Age သတင္းေအဂ်င္စီကို တနလၤာေန႔တြင္ေျပာသည္။
ေတာင္အာ႐ွႏွင့္ အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံ ၇ ႏိုင္ငံတြင္ CCC က သုေတသနျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ကေမာၻဒီးယား တြင္ လုပ္ခလစာကြာဟမႈ ၃၃ ရာခိုင္ႏႈန္း၊ အိႏိၵယတြင္ ၅၆.၉ ရာခိုင္ႏႈန္း၊ အင္ဒိုနီး႐ွားတြင္ ၃၉.၈ ရာခိုင္ႏႈန္း၊ ျမန္မာတြင္ ၃၂.၆ ရာခိုင္ႏႈန္း၊ ပါကစၥတန္တြင္ ၄၆.၆ ရာခိုင္ႏႈန္းႏွင့္ သီရိလကၤာတြင္ ၄၀.၈ ရာခိုင္ႏႈန္း႐ွိ ေၾကာင္းပါ၀င္သည္။
Ref : RMG workers lose Tk 4,250cr in wages in Mar-May: report
#People Media
(unicode)
မတ်မှမေ ၃ လအတွင်း ဘင်္ဂလားဒေ့ရှ်အသင့်ဝတ်အထည်ချုပ်လုပ်သားများ အမေရိကန်ဒေါ်လာ ၅၀၁ သန်းနီးပါးဆုံးရှုံး
……………………………………………………
ဒါကာ၊ ဩဂုတ် ၁၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအသင့်ဝတ်(Readymade)အထည်ချုပ်လုပ်သားများ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရော ဂါကြောင့် မတ်မှ မေ ၃ လအတွင်း အမေရိကန်ဒေါ်လာ ၅၀၁ သန်းနီးပါးဆုံးရှုံးခဲ့ကြောင်း တနင်္လာနေ့ တွင်ထုတ်ပြန်သည့် ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာတစ်ခုတွင်ပါဝင်သည်။
“ကမ္ဘာ့ကပ်ရောဂါအတွင်း ငွေအပြည့်မရခြင်း၊ အထည်ချုပ်လုပ်ငန်းခွင်၏လုပ်သားများအပေါ် အကြွေးကျန်မှုကို ခန့်မှန်းခြင်း” အစီရင်ခံစာတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါစတင်ပြီးနောက်ပိုင်း ကမ္ဘာတဝန်းမှအထည်ချု ပ်လုပ်သားများက ပုံမှန်လုပ်ခလစာငွေမရခဲ့ကြောင်း သို့မဟုတ် လုံးဝမရခဲ့ကြောင်း ပြောထားသည်။
မတ်မှမေ ၃ လအတွင်း ဘင်္ဂလားဒေ့ရှ်အသင့်ဝတ်အထည်ချုပ်ကဏ္ဍတွင် လုပ်ခလစာကွာဟမှု ၂၉.၅ ရာခိုင် နှုန်းနေကြောင်း သုတေသနအစီရင်ခံစာက ခန့်မှန်းထားသည်။
“လုပ်သားတွေရဲ့နေထိုင်မှုကိုကပ်ဆိုက်တဲ့ပုံစံဆုံးရှုံးပျက်စီးမှုကိုနောက်ပြန်လှန်နိုင်ဖို့နဲ့ နောက်တစ်ကြိမ်အဲဒီလို အကြပ်အတည်းထပ်မဖြစ်အောင် ကာကွယ်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ အဝတ်အထည်အမှတ်တံ ဆိပ်တွေအနေနဲ့ ချက်ချင်းနဲ့ကြာရှည်တည်မြဲတဲ့လုပ်ရပ်တွေဆောင်ရွက်ဖို့ပါပဲ” ဟု အစီရင်ခံစာတွင် အကြံပြု ထားသည်။
မတ်လတွင် အထည်ချုပ်စက်ရုံအနည်းဆုံး ၁၅၀ ယာယီပိတ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်သား ၁၄၇၀၀၀ လုပ်ခလစာမရခဲ့ကြောင်း အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
ကမ္ဘာ့ကပ်ရောဂါမတိုင်ခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအသင့်ဝတ်အထည်ချုပ်စက်ရုံ ၄၅၀၀ တွင် အကြမ်းအားဖြင့် လုပ်သား ၄.၄ သန်းရှိပြီး တစ်ယောက်လျှင် ပျမ်းမျှလုပ်ခလစာအမေရိကန်ဒေါ်လာ ၁၁၂ ရလေ့ရှိသော်လည်း မတ်လတွင် ပျမ်းမျှ ၁၀၁ ဒေါ်လာသာရခဲ့သည်။
အဆုံးစွန်တာဝန်ရှိသည်မှာ ဝယ်သူများဖြစ်ချိန်တွင် ယခုအစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းမှာ လုံးဝစော်ကားသည့် လုပ်ရပ်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အထည်ချုပ်ထုတ်လုပ်သူများနှင့် နိုင်ငံခြားတင်ပို့သူများအသင်းဥက္ကဋ္ဌ ရူဘာနာ ဟက်က New Age သတင်းအေဂျင်စီကို တနင်္လာနေ့တွင်ပြောသည်။
တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံ ၇ နိုင်ငံတွင် CCC က သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမေ္ဘာဒီးယား တွင် လုပ်ခလစာကွာဟမှု ၃၃ ရာခိုင်နှုန်း၊ အိန္ဒိယတွင် ၅၆.၉ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားတွင် ၃၉.၈ ရာခိုင်နှုန်း၊ မြန်မာတွင် ၃၂.၆ ရာခိုင်နှုန်း၊ ပါကစ္စတန်တွင် ၄၆.၆ ရာခိုင်နှုန်းနှင့် သီရိလင်္ကာတွင် ၄၀.၈ ရာခိုင်နှုန်းရှိ ကြောင်းပါဝင်သည်။
Ref : RMG workers lose Tk 4,250cr in wages in Mar-May: report
#People Media