မတ်လအတွင်းကျပ် ၂၀၀၀၀ တန်များထွက်ရှိမည်ဆိုသည့်သတင်းမှာ သတင်းတု၊ သတင်းမှားသာဖြစ်
PUBLISHED - February 27, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
လူမှုကွန်ယက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် မတ်လအတွင်း ကျပ် ၂၀၀၀၀ တန်များ ထွက်ရှိမည်ဆိုသည့် သတင်းမှာ သတင်းတု၊ သတင်းမှားသာဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။
မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကြောင့် မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြ ကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
၂၀,၀၀၀/-ကျပ်တန် ငွေစက္ကူအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ အထိမ်း အမှတ်အနေဖြင့် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အများပြည်သူများအား ဟောင်းနွမ်းငွေ စက္ကူများဖြင့် အထိမ်းအမှတ် ထုတ်ဝေခဲ့သည့် ၂၀,၀၀၀/-ကျပ်တန် အသစ်များအား အကန့်အသတ်ဖြင့်သာ လဲလှယ်ဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းဖြစ်ပေါ်နေသော သတင်းများသည် ငွေကြေးဈေးကွက်ကို ကမောက်ကမဖြစ်အောင်၊ ပြည်သူများ အထိတ်တလန့်ဖြစ်အောင် ဝိသမလောဘသမားများက ဆောင်ရွက် နေခြင်းသာဖြစ်သည်။
နိုင်ငံခြားသုံးငွေကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၁၀) နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် (၁၅) တို့အရ ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် တရား ဝင်နည်းလမ်းမှ ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ (သို့မဟုတ်) ယင်းနှင့်ညီမျှသော နိုင်ငံခြား ငွေကို ခြောက်လအတွင်း ကိုင်ဆောင်ခွင့်ရှိသည့်အချက်အား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဥပဒေနှင့်ကိုက်ညီမှုမရှိဘဲ နိုင်ငံခြားငွေများအား ကိုင်ဆောင်ဈေးကစားနေသူများကိုလည်း ဥပဒေအရ ထိ ရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်သည့်အပြင် လက်ရှိလည်း အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ဖြစ်ပေါ်နေသောသတင်းများသည် ကောလာဟလ သတင်းများသာဖြစ်ကြောင်း အသိပေးအပ်ကြောင်း ဗဟို ဘဏ် ထုတ်ပြန်ထားသည်။
#PeopleMedia