မတ္တရာမြို့နယ်တွင် PDF အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦး သေဆုံး
PUBLISHED - November 18, 2022
နေပြည်တော်၊ နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် PDF အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦး သေ ဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာလ (၁၇) ရက်က မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာနေ ဦးနေမျိုးအောင်(ခ)ဘူးကြီး ၂၈ နှစ်သည် နေအိမ်မှ တစ်ဦးတည်း လမ်းလျှောက်နေစဉ် PDF အဖွဲ့ဝင် ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုသေနတ်ဖြင့် ၁ ချက် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးနေမျိုးအောင်(ခ)ဘူးကြီးတွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
အလားတူ မတ္တရာမြို့နယ်၊ ဆိပ်သာကျေးရွာအုပ်စု၊ သပြေလှကျေးရွာအနီး လမ်းမပေါ်တွင် အထက်တောင် ကိုင်းကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာတွင် နေထိုင်သည့် ဦးဝင်းမြင့်သည် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ဦးဝင်းမြင့်တွင် လည်ပင်းလှီးဖြတ်ဒဏ်ရာ (၁) ချက်၊ ဝဲဘက်ရင်အုံထိုးသွင်း ဒဏ်ရာ (၂) ချက်၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ (၂) ချက်တို့ဖြင့် နေရာတွင်သေဆုံးနေသည်ကို တွေ့ရှိရပြီး အလောင်းအား မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသ့ို ပိုဆောင်ခဲ့ကြောင်း သိရသည်။
#PeopleMedia
(unicode)
………………………………………..
#PeopleMedia