မတ္တရာမြို့နယ်ရှိ PDF စခန်းတစ်ခု စီးနင်းခံရပြီး လက်နက်များ သိမ်းဆည်းခံခဲ့ရပြီး ရိက္ခာများ မီးရှို့ဖျက်ဆီးခံရ

PUBLISHED - November 23, 2021
မန္တလေး၊ နိုဝင်ဘာ ၂၃ (People Media)
နိုဝင်ဘာ ၂၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝန်တင်ကုန်းကျေးရွာအနီးရှိ မတ္တရာ PDF စခန်းတစ်ခု စီးနင်းခံခဲ့ရပြီး လက်နက်များ သိမ်းဆည်းခံခဲ့ရသလို ရိက္ခာများ မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံ များ၏ ဆက်သွယ်ပြောဆိုချက်အရ သိရပါတယ်။
“PDF စခန်းပါ လက်နက်တွေကို သိမ်းဆည်းသွားတာတွေ့ရတယ်။ ရိက္ခာနဲ့ စခန်းကို မီးရှို့သွားတယ်။ လူ အချို့ကို ဖမ်းဆီးသွားတာ တွေ့ရတယ်” လို့ ဒေသခံတစ်ဦ၏ ပြောဆိုချက်အရ သိရပါတယ်။
လုံခြုံရေးအဖွဲ့များက မတ္တရာ PDF စခန်းတစ်ခု စီးနင်းရာ၌ လက်နက်များ သိမ်းဆည်းခံခဲ့ရသည်မှာ မှန် ကန်ကြောင်း ဒေသခံတစ်ဦးက People Media သို့ ထပ်မံအတည်ပြုပြောဆိုပါတယ်။
အဆိုပါ မတ္တရာ PDF စခန်းကို လုံခြုံရေးအဖွဲ့များ စီးနင်းခံရသည့်ဖြစ်စဉ်၌ PDF အဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း မရှိကြောင်း PDF အဖွဲ့ဝင်အချို့က ဒေသမီဒီယာတစ်ခုကို ပြောဆိုထားပါတယ်။
Photo – Credit
#PeopleMedia #မတ္တရာမြို့PDF
(unicode)
………………………………………………………
မန်တလေး၊ နိုဝငျဘာ ၂၃ (People Media)
Photo – Credit
#PeopleMedia #မတ်တရာမွို့PDF