မတ္တရာမြို့နယ် စက်လှေ (၁) စီး တိမ်းမှောက်မှုဖြစ်ပွား၊ အမျိုးသား (၁) ဦး သေဆုံး

PUBLISHED - June 24, 2022
မန္တလေး၊ ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာမှ စကျင်ကျေးရွာသို့ မောင်းနှင်လာသော စက်လှေ (၁) စီး ယနေ့ နံနက် ၆ နာရီကျော်အချိန်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား (၁) ဦး သေဆုံးသွားကြောင်း သိရသည်။
စက်လှေ (၁)စီး သတင်းရရှိသဖြင့် မတ္တရာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ Madaya Rescue နှင့် လက်ပံလှ Rescue အသင်းဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လှေပေါ်ပါ အမျိုးသား (၅) ဦးအနက် အမျိုးသား (၄) ဦးအား အသက် ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပြီး၊ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် ကျန်အမျိုးသား (၁) ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး Madaya Rescue အသင်းမှ သူနာတင်ယာဉ်ဖြင့် မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
#PeopleMedia
(unicode)
မတ်တရာမွို့နယျ စကျလှေ (၁) စီး တိမျးမှောကျမှုဖွဈပှား၊ အမြိုးသား (၁) ဦး သဆေုံး
………………………………
မန်တလေး၊ ဇှနျ ၂၄
#PeopleMedia