• Follow Us on
Latest News

Home မန္တလေးက ပတ်စ်ပို့တ်ရုံးအပြင်ဘက်မှာ တန်းစီတိုးရင်း အမျိုးသမီးနှစ်ဦး သေဆုံး

မန္တလေးက ပတ်စ်ပို့တ်ရုံးအပြင်ဘက်မှာ တန်းစီတိုးရင်း အမျိုးသမီးနှစ်ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

 

မြန်မာနိုင်ငံက နစက အစိုးရရဲ့ စစ်မှုထမ်းဥပဒကို ရှောင်ရှားဖို့အတွက် နိုင်ငံသားအများအပြား တိုင်းပြည်က ထွက်ခွာဖို့ ကြိုးစားနေစဉ်အတွင်း မြန်မာနိုင်ငံက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတစ်ရုံး အပြင်ဘက်မှာ တနင်္လာနေ့ (ဖေဖော်ဝါရီလ ၁၉ ရက် နေ့) က လူအုပ်ကြီးတိုးဝှေ့ရင်း အမျိုးသမီးနှစ်ဦး သေဆုံးသွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ပြောပါတယ်။

 

မန္တလေးမြို့မှာရှိတဲ့ ပတ်စ်ပို့တ်ရုံးတစ်ခုမှာ ရာနဲ့ချီတဲ့လူအုပ်ကြီး တွန်းထိုးတိုးဝှေ့ခဲ့ပြီးနောက် အသက် ၅၂ နှစ်အ ရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာဖြစ်ကြောင်း အခင်းဖြစ်နေရာ ကို ရောက်ရှိခဲ့တဲ့ ကယ်ဆယ်ရေးလုပ်သားတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

 

“လူအုပ်ကြီးအနီးမှာ မြောင်းတစ်ခုရှိတယ်။ အဲဒီနှစ်ယောက်က မြောင်းထဲကို ပြုတ်ကျသွားပြီး အသက်ရှုကျပ်ပြီး သေဆုံးသွားတာပါ။” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကယ်ဆယ်ရေးအရာရှိတစ်ဦးက ပြောပါတယ်။

 

နောက်ထပ်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရရသွားကြောင်း၊ အဲဒီအမျိုးသမီးသုံးဦးစလုံးဟာ တန်းစီလာတဲ့လူအုပ် ကြီးကို တိုကင်လက်မှတ် (တန်းစီလက်မှတ်) တွေ ရောင်းစားနေတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

 

အာဏာသိမ်းပြီး သုံးနှစ်ကြာတဲ့အချိန်မှာ မြန်မာ့တပ်မတော်ဟာ ၎င်းကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကို အသည်းအသန် ဖြိုခွင်းနေရပါတယ်။

 

မကြာသေးခင်ကာလတွေအတွင်းက ရှမ်းပြည်နယ်အရှေ့မြောက်ဒေသဘက်က တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ နယ်မြေအများအပြားနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။

 

နစက အစိုးရဟာ အခုလအစောပိုင်းက စစ်မှုထမ်းဥပဒေတစ်ရပ်ကို အတည်ပြုကျင့်သုံးတော့မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီဥပဒေအရ အသက် ၁၈-၃၅ နှစ်အရွယ်ရှိ အမျိုးသားတွေနဲ့ အသက် ၁၈-၂၇ နှစ်အရွယ်ရှိ အမျိုးသမီးတွေ ဟာ အနည်းဆုံး ၂ နှစ် စစ်မှုထမ်းဆောင်ရမှာဖြစ်ပါတယ်။

 

မန္တလေးမြို့က ပတ်စ်ပို့တ်ရုံးအပြင်ဘက်မှာ ရာနဲ့ချီတဲ့ လူတန်းကြီးတန်းစီနေတဲ့ပုံကို ပြီးခဲ့တဲ့ သီတင်းပတ်က ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

 

မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ ရန်ကုန်မြို့က ထိုင်းသံရုံးအပြင်ဘက်မှာတော့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီး မြန်မာနိုင်ငံက ထွက်ခွာနိုင်ရေးအတွက် ဗီဇာလျှောက်ဖို့ တန်းစီနေတာကို ပြီးခဲ့တဲ့သီတင်းပတ်က တွေ့ရပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဆောင်ဖို့ ဥပဒေအရအကျုံးဝင်တဲ့သူ ၁၃ သန်းဝန်းကျင်ရှိပေမဲ့ တစ်နှစ်ကို ၅၀၀၀၀ ဝန်း ကျင်ကိုသာ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်း နစက အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

 

နိုင်ငံတစ်ဝန်း PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရင်ဆိုင်တိုက်ခိုက်နေစဉ်အတွင်း ပြည် သူ့စစ်အဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်သွားဖို့ ဆောင်ရွက်နေကြောင်းကိုလည်း မြန်မာ့တပ်မတော်က ပြော ကြားခဲ့ပါတယ်။

 

Ref: Two killed in crush as hundreds queue for passports in Myanmar: PBS/ AFP

 

#PeopleMedia


Share this post