• Follow Us on

Home မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနရုံးကို PDF မှ ဗုံးဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဝန်ထမ်း ၅ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိ

မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနရုံးကို PDF မှ ဗုံးဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဝန်ထမ်း ၅ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၇၀၊ ၂၇ လမ်း ၂၈ လမ်း ကြားရှိ ကျန်းမာရေးဦးစီးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က PDF များမှ ဗုံးဖြင့် လာရောက်ပစ် ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးဝန်ထမ်း ၅ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၇၀၊ ၂၇ လမ်း ၂၈ လမ်းကြားရှိ ကျန်းမာရေးဦးစီး ဌာနရုံးအား ဆိုင်ကယ်စီးနင်းလာသည့် PDF ၂ ဦး ဝင်ရောက်လာပြီး လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ရုံးအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပေါက်ကွဲမှုကြောင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့လဲ့ ၅၄ နှစ်၊ ရုပ်သံဝန်ထမ်း ဒေါ်အေးအေးနွဲ့ ၆၃ နှစ်၊ နေ့စားဝန်ထမ်း ဒေါ်ယုဆွေဝင်း ၂၁ နှစ်၊ ရုံကူများဝန်ထမ်းများ ဖြစ်ကြသည့် ဒေါ်ဝင်းခိုင် ၄၉ နှစ်နှင့် ဒေါ်စိန် ထွေး ၅၉ နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှု သိရသည်။

 

#PeopleMedia


Share this post