• Follow Us on
Latest News

Home မန္တလေးတိုင်းတွင် ကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလို ဖမ်းဆီးရမိ

မန္တလေးတိုင်းတွင် ကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလို ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် လားရှိုး-မန္တလေးသွား AD VAN ခရီးသည်တင်  မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် လူမဲ့တန်ဆာ တင်ဆောင်လာသည့် စိတ်ပြောင်း ဆေးဝါး Happy Water ၁၃ ဒသမ ၄၇ ကီလို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် အဆိုပါ စိတ်ပြောင်းဆေးဝါးများကို လားရှိုးမှ မြစ်ကြီးနားသို့ သယ်ဆောင်ရောင်းဝယ်သူများဖြစ်ကြ သည့် ပြည့်ဖြိုးအောင်(ခ)ဆိုင်လျန်းအား မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ မြစ်ဖျားဧရာအဝေးပြေးကားဝင်း တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဇာနည်မျိုးနိုင်(ခ)ဇာနည် အား မြစ်ကြီးနားမြို့၊ မြို့သစ် ရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး Happy Water ၂၁၀ ဂရမ်၊ LEXUS မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း အသီးသီးဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုး ရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး Happy Water များအား ရှမ်းပြည်နယ်မှ မန္တလေး၊ ၎င်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ လူမဲ့တန်ဆာဖြင့် သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စား သောက်ဆိုင်များတွင် ရောင်းချခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ကြောင်း သိရသည်။

 

#PeopleMedia


Share this post