မန္တလေးတိုင်းတွင် ငွေကျပ် ၂ ဒသမ ၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်း များ ဖမ်းဆီးရမိ

PUBLISHED - August 22, 2023
နေပြည်တော်၊ သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဒသမ ၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ချမ်းမြသာစည် မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၂ လမ်းနှင့် ၁၁၁ စီ လမ်း ထောင့်ရှိ ဇော်မိုးလွင်(ခ)လာရွတ်ဆန်ငှာ၏ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်မှ အိုက်စ်(မက်သ်အဖက် တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၁၂၀ ဂရမ်နှင့် တရားမဝင် သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများပိုင်ရှင် အောင် သူအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၉)ရှိ ၎င်း၏ နေအိမ်တွင် လည်းကောင်း၊ သတင်းကွင်းဆက်အရ ညနေ ၄ နာရီခွဲအချိန် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၆ လမ်းနှင့် ၂၇ အေ လမ်းထောင့်ရှိ နန္ဒကို(ခ)နန္ဒ၏ နေအိမ်ကိုရှာဖွေရာ ၎င်းအား စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၆၁၂ သိန်း၊ ဘိန်းဖြူ ၂၇၀ ဂရမ်နှင့်လည်း ကောင်း ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၉၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၃၉၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၆၁၂ သိန်းနှင့် ထိန်း ချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ၎င်းတို့ ၃ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ် လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia