မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံပွဲများကျင်းပ
PUBLISHED - November 15, 2023
နေပြည်တော်၊ နိုဝင်ဘာ ၁၅
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက်ရှိကြသည်။
ထိုသို့ အားပေးထောက်ခံလျက်ရှိရာ ယမန်နေ့နက်ပိုင်းက မန္တလေးမြို့အတွင်းရှိ ငြိမ်းချမ်းရေးကိုလိုလားသည့် သံဃာတော်များနှင့် ပြည်သူအင်အား (၂၀၀၀) ကျော်သည် ရွှေမန်းတောင်လူငယ်အားကစားလေ့ကျင့်ရေးစခန်း ကွင်းအတွင်းတွင်လည်ကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် မျိုးချစ်ရဟန်းနှင့် ပြည်သူ ၁၅၀၀ ဦး ခန့်သည် ပြင်ဦးလွင်မြို့ ခရိုင်အားကစာကွင်းတွင်လည်းကောင်း၊ မိတ္ထီလာမြို့တွင် မျိုးချစ်ရဟန်းနှင့် ပြည်သူ ၁၄၈၅ ဦးခန့်သည် မိတ္ထီလာမြို့ ခရိုင်အားကစာကွင်း တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မျိုးချစ်ရဟန်းနှင့် ပြည်သူ ၈၅၀ ဦးခန့်သည် မကွေးမြို့ ခရိုင်အားကစာကွင်းတွင်လည်းကောင်း တိုင်းပြည်အလုံး စုံပျက်စီးရေး လုပ်ဆောင်နေကြသည့် KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံအားပေးပွဲကို အသီးသီး ကျင်းပပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
#PeopleMedia