• Follow Us on

Home မန္တလေးတိုင်းအတွင်းရှိ PDF အဖွဲ့ဝင် ၉ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်

မန္တလေးတိုင်းအတွင်းရှိ PDF အဖွဲ့ဝင် ၉ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉

 

ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန် လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက  အမှာစကား ပြောကြားပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး တို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့‌ကြောင်း သိရသည်။

 

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသည်။

 

#PeopleMedia


Share this post