မန္တလေးတွင် နတ်ဆိုး PDF အဖွဲ့ခေါင်းဆောင်နှင့် အမျိုးသမီး (၁) ဦးအား ဖမ်းဆီးရမိ
PUBLISHED - July 13, 2023
နေပြည်တော်၊ ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ လမ်း(၃၀)၊ ၇၇x၇၈ ကြားရှိ “မဟာ” ဆေးခန်း၌ နတ်ဆိုး PDF အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ငြိမ်းချမ်းအောင်(ခ)အားသစ်နှင့် တရားမဝင် ပေါင်းသင်းနေထိုင်သူ ပပဝင်းတို့အား ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သိရသည်။
ဖမ်းဆီးရမိတရားခံ ငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် KNLA တပ် မဟာ(၂) လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်း ၃ လခန့် တက်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်သင်တန်းဆင်းပြီးနောက် ဧပြီလတွင် ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင် ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန်အတွက် နတ်ဆိုး PDF အမည်ခံအကြမ်းဖက်အဖွဲ့ အား ငြိမ်းချမ်းအောင် ခေါင်းဆောင်၍ ပပဝင်း၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် အယ်နှောင်း၊ ရတီ၊ ကျုံးကြီး၊ ကိုကြီး၊ ဒီပ၊ ကျွဲကြီး၊ ကိုမျိုး အပါအဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း သိရ သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှု ၄ ကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
#PeopleMedia