မန္တလေးတွင် မြန်မာ့တပ်မတော်အားထောက်ခံကြောင်းနှင့် အကြမ်းဖက်သမားများအား ဆန့်ကျင်ကြောင်း ပြည်သူများဆန္ဒဖော်ထုတ်
PUBLISHED - November 14, 2023
နေပြည်တော်၊ နိုဝင်ဘာ ၁၄
မြန်မာ့တပ်မတော်အား ထောက်ခံကြောင်းနှင့် အကြမ်းဖက်သမားများအား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကို ယနေ့နံနက်က မန္တလေးမြို့တွင် ဒေသခံပြည်သူများမှ ကျင်းပခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်ဆီးနေသော၊ အများပြည်သူ အသုံးပြုသွားလာ နေသည့် လမ်း၊ တံတားများ မိုင်းခွဲဖျက်ဆီးခြင်းကို ဥပဒေမဲ့စွာ ကျူးလွန်နေသော အကြမ်းဖက်သမားများဖြစ် သည့် MNDAA၊ TNLA၊ AA၊ BPLA၊ PDFများ လုံးဝ(လုံးဝ) အလိုမရှိကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များကို ဆန့်ကျင် ကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော မြန်မာ့တပ်မ တော်အား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို မန္တလေးမြို့တွင် ပြည်သူအင်အား ၂၀၀၀ ခန့်မှ ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကျောက်တော်ကြီးဘုရားအနီးမှစတင်ကာ ကျုံးမြောက်ဘက် ၁၂ လမ်းအတိုင်း၊ ၎င်းမှ ၇၃ လမ်းမှတဆင့် ရွှေမန်းတောင်အားကစားဝင်းသို့ ၉ နာရီ ၄၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြ ကြောင်း သိရသည်။
#PeopleMedia