မန္တလေးတွင် ယာဉ်ထိန်းရဲမေအရာရှိ ပစ်ခတ်ခံရ

PUBLISHED - October 14, 2024
နေပြည်တော်၊ အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းတွင် ယမန်နေ့ ညနေ ၄ နာရီ ဝန်းကျင်အချိန်က ယာဉ်ထိန်းရဲမေအရာရှိတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းတွင် အမှတ်(၈၇) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်အမျိုးသမီးတစ်ဦး ဦးဆောင်သည့် ယာဉ်ထိန်းရဲအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် CZI အနက်ရောင်ဆိုင်ကယ်ပေါ်မှ အမျိုးသား ၂ ဦးအနက် တစ်ဦးမှ သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် ရဲအုပ်အမျိုးသမီးတွင် ယာ-နောက်ပြင်မှ ဖောက်ဝင်ပြီး ယာရင်အုံအပေါ် ဖောက်ထွက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
Photo – Credit
#PeopleMedia