• Follow Us on

Home မန္တလေးတွင် အရက်အတူသောက်နေသည့် ယာဉ်နောက်လိုက်က ယာဉ်မောင်းကို အုတ်ခဲဖြင့် ထုသတ်ကာ အလောင်းကို မီးရှို့သွား

မန္တလေးတွင် အရက်အတူသောက်နေသည့် ယာဉ်နောက်လိုက်က ယာဉ်မောင်းကို အုတ်ခဲဖြင့် ထုသတ်ကာ အလောင်းကို မီးရှို့သွား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၆ လမ်း၊ ၁၂၁×၁၂၂ လမ်းကြားရှိ နေအိမ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အရက်အတူထိုင်သောက်စဉ် ရန်ဖြစ်ပြီး ယာဉ်နောက်လိုက်မှ ယာဉ်မောင်းကို အုတ်ခဲဖြင့် ထုသတ်ကာ အလောင်းကို မီးရှို့သွားကြောင်း  သိရသည်။

 

အောက်တိုဘာလ (၂၃)ရက် ညနေ (၄) နာရီ (၄၅) မိနစ်အချိန်က ချောက်မြို့တွင် နေထိုင်သည့် အသက် (၄၈)နှစ်အရွယ် ယာဉ်မောင်း ဦးမင်းကိုနှင့် ငါန်းဇွန်မြို့တွင် နေထိုင်သည့် အသက် (၄၀) အရွယ် ယာဉ် နောက်လိုက် ဇင်မင်းဦး(ခ)မဲကြီးနှင့် အရက်အတူ ထိုင်သောက်ခဲ့သည်။

 

ယင်းသို့ အရက်သောက်နေစဉ် စကားများရန်ဖြစ်ကာ ဇင်မင်းဦး(ခ)မဲကြီးမှ ဦးမင်းကို၏ ငယ်ထိပ်နှင့် မျက်နှာအား ဘိလပ်မြေအုတ်ခဲဖြင့် ထုခဲ့ပြီးအလောင်းအား မီးရှို့သွားခဲ့ရာ ဦးမင်းကိုမှာ ယာဘက်ခြေထောက် ဒူးအောက်ပိုင်း မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ယင်းနောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သေဆုံးသူ ဦးမင်းကိုအား အုတ်ခဲဖြင့် ထုနှက်ပြီး မီးရှို့သတ်ဖြတ်သွားသူ ဇင်မင်းဦး(ခ)မဲကြီးအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ နေအိမ်ကို ဦးမင်းကိုမှ သားဖြစ်သူ အသက် (၁၄)နှစ်အရွယ် ကျောင်းသား ကောင်းစည်သူနှင့် တူမဖြစ်သူ အသက် (၃၈)နှစ်အရွယ် ဒေါ်ခင်မျိုးဝင်းတို့နှင့်အတူ နေထိုင်ကြောင်း သိရပြီး ကောင်းစည်သူသည် အောက်တိုဘာလ (၁၃)ရက်မှစ၍ ၎င်း၏ အဖိုးအဖွါးများ နေထိုင်သည့် ချောင်းသာသို့ ရောက်ရှိနေကြောင်း သိရသည်။

 

#PeopleMedia


Share this post