မန္တလေးတွင် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရပြီး အသက် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

PUBLISHED - October 31, 2024
နေပြည်တော်၊ အောက်တိုဘာ ၃၁
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရပြီး အသက် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ (၃၀)ရက် ည(၈)နာရီခွဲအချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးသို့ စစ်သွေးကြွ PDF အဖွဲ့ဝင် နှစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ရုံးအတွင်းသို့ လက်လုပ်ဗုံး (၁)လုံး ပစ်ပေါက်ထွက်ပြေးသွားကြောင်း သိရသည်။
စစ်သွေးကြွ PDF အဖွဲ့ဝင် နှစ်ဦး ပစ်ခတ်သည့် ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရုံးအတွင်း ရပ်ထားသည့် ကား (၂)စီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး အသက် (၈)နှစ် အရွယ်ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ပြည်သူနှစ်ဦး ဒဏ်ရာအနည်းငယ်စီရရှိခဲ့ကြောင်း သိရသည်။
#PeopleMedia