မန္တလေးနှင့် မြစ်ကြီးနားတို့မှ PDF အဖွဲ့ဝင် ၁၀ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်
PUBLISHED - August 12, 2023
နေပြည်တော်၊ သြဂုတ် ၁၂
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူး လွန်ခြင်းမရှိသည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်လည်အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင် များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရ ပူရမြို့နယ်နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၀ ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသည့် လက်လုပ်ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၅ တောင့်တို့အား အပ်နှံကြရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူပြီး လက်နက်၊ ခဲယမ်းပါရှိမှုအတွက် ဆုကြေးငွေများ ပြန်လည်ပေး အပ်သည်။ ယင်းနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေ များ ထိုက်ထိုက်တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင် ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသည်။
#PeopleMedia