မန္တလေးမြို့တွင် မီးလောင်မှုဖြစ်ပွားရာ ပျဉ်ထောင်အိမ်(၂) လုံးနှင့် ၁၀ ပေပတ်လည် (၁) လုံး မီးလောင်ဆုံးရှုံး

PUBLISHED - January 17, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမရပူရမှန်တန်းကွက်သစ်တွင် မီးလောင်မှုဖြစ်ပွားရာ ပျဉ်ထောင်အိမ်(၂) လုံး၊ ၁၀ ပေပတ်လည် (၁) လုံး မီးလောင်ဆုံးရူံးသွားကြောင်း သိရသည်။
ယနေ့ဇန်နဝါရီလ ၁၇ ရက် နံနက် ၁၀ ကျော်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
“မီးဘာကြောင့်လောင်တယ်ဆိုတာ မသိသေးဘူး။ စစ်ဆေးနေတုန်းပဲရှိသေးတယ်။ မီးလောင်လို့ ပျဉ်ထောင်အိမ်(၂) လုံး၊ ၁၀ ပေပတ်လည် (၁) လုံး။ မီးဟက်ခံရတာက နှစ်ထပ်တိုက်(၁) လုံးနဲ့ ဆောက်လက်စတိုက်(၁) လုံး နည်းနည်းလေးပဲ မီးဟက်ခံရတာ။ မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်ကတော့ မီးခိုးမွှန်လို့ အောက်စီဂျင်တွေပေးရတယ်။ ဆေးရုံတော့ မတတ်ရဘူး” လို့ မြေပြင်အားသွားရောက်ကူညီသည့် လူမှုကူညီရေးတစ်ဦးမှ ပြောသည်။
အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း ချမ်းအေးသာစံမြို့နယ်၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ ၂၉ လမ်းနှင့် ၃၀ လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားရာ အခန်း (၈) ခန်းမီးလောင်မှုဖြစ်ပွားခဲ့သည်။
Photo – Credit
#PeopleMedia