• Follow Us on

Home မန္တလေးမြို့ပေါ်တွင် ဆိုင်ကယ်များအားအုပ်စုဖွဲ့၍ ဓားထောက်လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် တရားခံ ၄ ဦးအား ဖမ်းဆီးရမိ

မန္တလေးမြို့ပေါ်တွင် ဆိုင်ကယ်များအားအုပ်စုဖွဲ့၍ ဓားထောက်လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် တရားခံ ၄ ဦးအား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၂

 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ လူသွားလူလာရှင်းသည့်နေရာများတွင် ဆိုင်ကယ်များအား အုပ်စုဖွဲ့ ၍ ဓားထောက်လုယက်မှုများအား အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် တရားခံ ၄ ဦးအား သက်သေခံပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်လိုက်သည်။

 

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၃ လမ်း၊ ၂၇ x ၂၉(A) လမ်းကြားတွင် လူ ၁ ဦး ဓားဒဏ်ရာဖြင့် လဲကျနေကြောင်း သတင်းအရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ် ဆေးခဲ့ရာ အခင်းဖြစ်သည့်နေရာတွင် အမည်မသိ အမျိုးသား ၁ဦးသည် ဓါးဒဏ်ရာများဖြင့် လဲကျသေဆုံး လျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ချက်များအရ သေဆုံးသူသည် ယင်းနေ့တွင် ၅၃ လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ Scoopyi အနက်ရောင် မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ၂၇ x ၂၉(A) လမ်းကြား သို့အရောက်၌  တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသည့် လူ ၄ ဦးပါ ဆိုင်ကယ်နှစ်စီးမှ ရှေ့မှ ပိတ်ရပ်ပြီးနောက် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူများမှ အသင့်ယူဆောင်လာသော ဓားများဖြင့်ထိုး၍ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရကြောင်း သိရသည်။

 

ပြစ်မှုကျူးလွန်တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများမှ အဖွဲ့များခွဲ၍ စိစစ်ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် ချမ်းမြေ့အောင် (ခ)ဒေါက်ဒေါက် ၂၂ နှစ်၊ (ဘ) ဦးလင်းအောင်၊ တိုးဝေ(ခ)တိုးတက်(ခ) အားထစ်၊ ၁၇ နှစ်၊ (ဘ)ဦးစံသိန်း၊ ရဲဝင်းအောင်၊ ၁၇ နှစ်၊ (ဘ)ဦးဇော် ဝင်း၊ ကျော်ကြီး(ခ) ကျော်ကျော်မြင့်၊ ၁၈ နှစ်၊ (ဘ) ဦးမြငွေတို့ ၄ ဦးနှင့် သက်သေခံဆိုင်ကယ်အား ဝယ်ယူခဲ့ သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး ၃၅ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် တရားခံများအား ကနဦးစစ်ဆေးချက်များအရ ၎င်းတို့သည် မန္တလေးမြို့ပေါ်ရှိ လူ အသွားအလာ နည်းပါးသည့်နေရာများတွင် အုပ်စုဖွဲ့၍ တန်ဖိုးကြီး မော်တော်ဆိုင်ကယ်များအား ဓါး ထောက်လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်သေခံပစ္စည်းများ ဆက်လက်သိမ်းဆည်းရမိရေးနှင့် ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post