• Follow Us on

Home မန္တလေးမြို့မှာ စစ်ဘေးမဖြစ်ဖို့အတွက် ပြည်သူများ ဆန္ဒထုတ်ဖော်လှုံ့ဆော်မှု ပြုလုပ်

မန္တလေးမြို့မှာ စစ်ဘေးမဖြစ်ဖို့အတွက် ပြည်သူများ ဆန္ဒထုတ်ဖော်လှုံ့ဆော်မှု ပြုလုပ်

Share this post

နေပြည်တော်၊ ဩဂုတ် ၂၉

 

မန္တလေးမြို့မှာ ပြည်သူများ စည်းလုံးပြီး ယဉ်ကျေးမှု အမွေအနှစ်များနှင့် မန်းမြို့တော်ကြီးကို ကာကွယ်ဖို့ စစ်ဘေးမဖြစ်စေဖို့အတွက် ပြည်သူများ ဆန္ဒထုတ်ဖော် လှုံ့ဆော်မှု ပြုလုပ်ကြကြောင်း သိရသည်။

 

အဆိုပါ လှုံ့ဆော်ပွဲကို ယနေ့ ဩဂုတ်လ (၂၉)ရက် နံနက်ပိုင်းက မန္တလေးမြို့ (၁၅)လမ်း (၆၅)လမ်းနှင့် (၆၆)လမ်းကြားတွင် စုရပ်ပြုလုပ်ကာ ကုသိုလ်တော်ဘုရား၊ ခြင်္သေ့ကြီးနှစ်ကောင်၊ (၁၂)လမ်း၊ လမ်း (၈၀)၊ ဈေးချိုတော်၊ ဘုရားကြီး၊ တံခွန်တိုင်းအဝိုင်းမှ အောင်ပင်လယ်ဘိုးဘိုးကြီး နတ်နန်းအထိ သံဃာတော် အပါး (၁၀၀)၊ မျိုးချစ်လူငယ် (၅၀၀) ဦးတို့မှ ယာဉ်များဖြင့် လှည့်လည်စည်းရုံး လှုံ့ဆော် ဆောင်ရွက်ခဲ့သည်။

 

မန္တလေးမြို့သူ၊မြို့သားများ အနေဖြင့် အကြမ်းဖက် ဘေးအန္တရာယ်များကို သတိပြုကြရန်အတွက် ဆရာတော်သံဃာတော်များက ယင်းသို့ ဦးဆောင်ကာ လှည့်လည် အသိပေး နှိုးဆော်ကြခြင်းဖြစ်သည်။

 

မန္တလေးမြို့ကြီးကို ကာကွယ်စောင့်ရှောက်ကြဖို့၊  မန္တလေးမြို့ကို အကြမ်းဖက်သမားတွေက ပစ်မှတ်ထား လာသည့် အခြေအနေမှာ အားလုံး သတိ၊ ဝီရိယရှိကြဖို့နဲ့ မန္တလေးမြို့ကြီးရဲ့ ရှေးဟောင်းအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုတွေကို ကာကွယ်ကြဖို့ဆိုတဲ့ ရည်ရွက်ချက်နဲ့ လှည့်လည်နှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post