• Follow Us on
Latest News

Home မန္တလေးမြို့၌ ယာဉ်ကြောကျပ်တည်းသောလမ်းများတွင် မီးပွိုင့် ၆ ခု ထပ်မံတပ်ဆင်မည်

မန္တလေးမြို့၌ ယာဉ်ကြောကျပ်တည်းသောလမ်းများတွင် မီးပွိုင့် ၆ ခု ထပ်မံတပ်ဆင်မည်

Share this post

နေပြည်တော်၊ ဩဂုတ် ၃၀

 

မန္တလေးမြို့၌ ယာဉ်ကြောကျပ်တည်းသောလမ်းများတွင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရိုးရိုး LED မီးပွိုင့် ၆ ခု ထပ်မံတပ်ဆင်မည်ဖြစ်ကြောင်း သိရသည်။

 

ထပ်မံတိုးချဲ့တပ်ဆင်မည့်နေရာများမှာ မန္တလေး-မတ္တရာလမ်းနှင့် GTC လမ်းထောင့် (အောင်မြေသာစံမြို့နယ်)၊ လမ်း ၃၀ နှင့် လမ်း ၆၀ ထောင့်(ချမ်းအေးသာစံမြို့နယ်)၊ ၄၁ လမ်းနှင့် ၅၃ လမ်း၊ ၄၁ လမ်းနှင့် လမ်း ၆၀ (မဟာအောင်မြေမြို့နယ်)၊ လမ်း ၆၀ နှင့် လမ်း ၁၁၀ (ချမ်းမြသာစည်မြို့နယ်)၊ ၆၂ လမ်းနှင့် ၁၂၅ လမ်း (ပြည်ကြီးတံခွန်မြို့နယ်) တို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မီးပွိုင့်တစ်ခုလျှင် ငွေကျပ် သိန်း ၃၀၀ ဝန်းကျင်ကုန်ကျမည်ဖြစ်၍ မီးပွိုင့်နှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံမှ မှာယူတင်သွင်းရာ အချို့သောအစိတ်အပိုင်းများ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ဆက်စပ်ပစ္စည်းများရောက်ရှိလာပါက အမြန်ဆုံးတပ်ဆင်နိုင်ရန်တိုင်များနှင့် အခြားလိုအပ်သည် များကို ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။

 

မန္တလေးမြို့တော်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောကျပ်တည်းမှုလျှော့ချနိုင်ရေးအတွက် SCATS အမျိုးအစားမီးပွိုင့် ၆၅ ခု၊ Individual Loop Sensor မီးပွိုင့် ၂၅ ခု၊ ရိုးရိုး Timer သုံး LED မီးပွိုင့် ၃၂ ခု စုစုပေါင်း ၁၂၂ ခုတပ်ဆင်အသုံးပြုလျက်ရှိသည့်အပြင် မီးပွိုင့်များနှင့် လိုအပ်သောနေရာများ၌ CCTV များတပ်ဆင်ကာ ယာဉ်အသွားအလာများကို မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်နေကြောင်း သိရသည်။

 

#PeopleMedia


Share this post