• Follow Us on
Latest News

Home မန္တလေးမြို့၌ လူသတ်လုယက်မှုများကျူးလွန်ခဲ့သည့် တရားခံ ၂ ဦးအား ဖမ်းဆီးရမိ

မန္တလေးမြို့၌ လူသတ်လုယက်မှုများကျူးလွန်ခဲ့သည့် တရားခံ ၂ ဦးအား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ လေဆိပ်ဟောင်းအနောက်ဘက်တွင် ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီခန့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ အမှတ် (၁၁) နယ်မြေ ရဲစခန်းမှူး ဒုရဲမှူးဇော် မင်းနိုင် ဦးစီးအဖွဲ့ဖြင့်စုံစမ်းခဲ့ရာ သေဆုံးသူမှာ ဦးအောင်မင်း (၅၁) နှစ် ချမ်းအေးသာစံမြို့နယ်နေသူဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဖမ်းဆီးရမိရေးဦးစီးအဖွဲ့များခွဲ၍ စုံစမ်းဆောင်ရွက်ခဲ့ရာတွင် မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံး Police Command Center တွင် တပ်ဆင်ထားသော CCTV မှတ်တမ်း အရဆိုင်ကယ်စီး မသင်္ကာသူ အမည်မသိအမျိုးသားနှစ်ဦး၏ ပုံသဏ္ဌာန်အားရရှိခဲ့ပြီးနောက် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား၏ ပုံသဏ္ဌာန်မှာ နွားခိုးမှု၊ လုယက်မှုများဖြင့် ပြစ်ဒဏ်အကြိမ်ကြိမ်ကျခံပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာသူ ချမ်းမြသာစည်မြို့နယ် ချမ်း/ တောင်ရပ်ကွက် အကွက်(၈၆၇) ကံရွာနေ သိန်းထက် အောင်(ခ)နက်ကြီး(၃၁)နှစ် (ဘ) ဦးမောင်ဌေး (ခ) ဦးဘိုမှူးနှင့် ပုံသဏ္ဌာန်တူညီနေ၍ အသွင်ယူစောင့်ဆိုင်း ဖမ်းဆီးစဉ် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီခန့် တွင် မြို့ဟောင်းဘူတာ၌ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံ ရဲစိုးထက် (ခ)ကုလား (၂၉) နှစ် (ဘ) ဦးစိုးပိုင် ချမ်းမြသာစည်မြို့နယ်နေသူအား မြို့ဟောင်းဈေးအနီးတွင် သက်သေခံဓားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ပြစ်မှုကျူးလွန်သူ တရားခံသိန်းထက်အောင် (ခ) နက်ကြီးနှင့် ရဲစိုးထက် (ခ) ကုလားတို့နှစ်ဦးသည် ယခုပြစ်မှု မကျူးလွန်မီ မန္တလေးမြို့၌ လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုလေးကြိမ် ကျူးလွန်ခဲ့ပြီး ယခုပြစ်မှု ကျူးလွန်ပြီးနောက် ဆိုင်ကယ်ခိုးမှုတစ်ကြိမ်နှင့် ဖုန်းလုယက်မှုတစ်ကြိမ် ထပ်မံကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ပြီး သက်သေခံဖုန်းများနှင့် ဆိုင်ကယ်တို့အား သိမ်းဆည်းပြီး ဥပဒေနှင့်အညီ ဆက်လက်အမှုများ ရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post